ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၅ ရက်

ဧရာ၀တီတိုင်း၊ကန်ကြီးထောင့်မြို့နယ် ဝါးဒူးကျေးရွာအုပ်စုရှိရွာများတွင် အုပ်ချုပ်ရေးမှူးမှ စစ်မှုထမ်းအစားထိုးလူငှါးရမ်းရန်နှင့် ထောက်ပံကြေးကိုယခင်ကောက်ခံသည်ထက် နို၀င်ဘာလမှစတင်က သုံးဆတိုးကာငွေတောင်းခံနေကြောင်း သိရှိရသည်။

ဝါးဒူးကျေးရွာအုပ်စု၏အုပ်ချုပ်ရေးမှူး ဦးမြင့်စိုးဆိုသူမှ ကျေးရွာ(၁၁)ရွာရှိအသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်းရှိ လူငယ်များအပြင် ၃၅နှစ်နှင့်၆၅ကြားရှိသည့် နေအိမ်များကိုလည်း စစ်မှုထမ်းအတွက် လူငှါးရမ်းရန်နှင့်ထောက်ပံကြေးအဖြစ် တစ်အိမ်လျှင် ငါးထောင်နှုန်းကောက်ခံနေရာမှ ယခုလတွင် ကျပ်တစ်
သောင်းခွဲထပ်ထိ တိုးမြှင့်တောင်းခံနေကြောင်း
ဒေသခံများမှပြောသည်။

“အရင်က အစည်းအဝေးခေါ်ပြီး တစ်လကို တစ်အိမ် ကျပ် ၅၀၀၀ဍစီ ခြောက်လလောက်ထည့်ပြီးပြီ။ ခုလကစပြီး စစ်မှုထမ်းဖို့လူငှါးရတာခက်လို့ တစ်သောင်းခွဲ လတိုင်းပေးဖို့ခေါ်ပြောတယ်။ မပေးနိုင်ရင် စစ်တပ်ကိုယ်တိုင် လာပြီး နယ်မြေရှင်းလင်းရေးလုပ်ခိုင်းမယ်ဆိုပြီးခြိမ်းခြောက်နေတယ်”ဟု ဒေသခံတစ်ဦးမှဧရာ၀တီတိုင်မ်းကိုပြောသည်။

အဆိုပါကျေးရွာများတွင် လယ်နှင့် စိုက်ပျိုးရေးကိုသာ အဓိကထားလုပ်ကိုင်နေကြသူများပြီး ကုန်ဈေးနူန်းကြီးမြင့်မှုကြောင့် ယခုကဲ့သို့ စစ်မှုထမ်း ငှါးရန်လစဉ်ကောက်ခံမှုကြောင့် အခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်းဒေသခံများထံမှ သိရှိရသည်။

ဧရာ၀တီတိုင်း အတွင်းရှိ မြို့နယ်များတွင် ရပ်ကွက်၊ကျေးရွာ အုပ်ချုပ်ရေးမှူးများမှ စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေကို အသုံးပြ၍ စိတ်ထင်သလိုငွေတောင်းခံခြင်း၊ မဲပေါက်သည်ဟုဆိုကာ သင်တန်းသို့စေလွှတ်ခြင်းများလုပ်ဆောင်နေကြကြောင်း ဒေသခံများထံမှ သိရှိရသည်။

#ကန်ကြီးထောင့်မြို့နယ် #စစ်မှုထမ်းအစားထိုးငှားရမ်းရန် #ယခင်ထက်သုံးဆထပ်တိုးတောင်း #Ayeyarwaddy_Times