ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၄ ရက်

စနေနေ့က ထိုင်းနိုင်ငံတောင်ပိုင်းက နရာသီဝပ်ပြည်နယ်ရှိ စစ်ဆေးရေးဂိတ်တစ်ခုမှာ ပစ်ကပ်ထ ရပ်ကားတစ်စင်းအတွင်း မြန်မာနိုင်ငံမှ တရားဝင် ရွှေ့ပြောင်းသွားလာသူ (၂၉) ဦးကို ဖမ်းဆီးရမိခဲ့တယ် လို့ သိရပါတယ်။

မလေးရှားနိုင်ငံမှာ အလုပ်အကိုင်ရရှိဖို့ မျှော်လင့်ပြီး သွားရောက်နေတဲ့ မြန်မာ ရွှေ့ပြောင်းသွား လာသူတွေကို ထိုင်းလူမျိုး ထရပ်ကားယာဉ်မောင်းတဲ့အတူ ဖမ်းဆီးမိခဲ့တာဖြစ်ပါတယ်။

ပတ္တာနီနဲ့ နရာသီဝပ်ကြား အမှတ် (၄၂) အဝေးပြေးလမ်းမကြီးမှာ လူမှောင်ခိုကူးရာမှာ အသုံးပြု တယ်လို့ သံသယရှိတဲ့ ယာဉ်တစ်စင်း တွေ့ရှိကြောင်း သတင်းပေးပို့မှုရရှိပြီးနောက် ဗန်ကောက်ယာဉ်လိုင် စင်ပါ ပစ်ကပ်ကားတစ်စင်းကို ရဲတပ်ဖွဲ့က ခြေရာခံခဲ့ပါတယ်။

ရဲတပ်ဖွဲ့က ပစ်ကပ်ကားကို ရပ်တန့်ကာ ရှာဖွေချိန်မှာ ယာဉ်အတွင်း အမျိုးသား ၂၁ ဦးနဲ့ အမျိုး သမီး (၈) ဦး စုစုပေါင်း မြန်မာနိုင်ငံမှ တရားမဝင် ရွှေ့ပြောင်းသွားလာသူ (၂၉) ဉီးကို တွေ့ရှိခဲ့ပါတယ်။

သူက ဟတ်ယိုင်မြို့မှာ မြန်မာနိုင်ငံမှ ရွှေ့ပြောင်းသွားလာသူတွေကို ခေါ်ဆောင်ကာ နရာသီဝပ် ပြည်နယ်၊ Waeng ခရိုင်သို့ ပို့ဆောင်ချိန်မှာ ဖမ်းဆီးခံရတာလို့ ထရပ်ကားယာဉ်မောင်းက ရဲတပ်ဖွဲ့သို့ ပြောပါတယ်။

မြန်မာ ရွှေ့ပြောင်းသွားလာသူတွေကို နရာသီဝပ်ပြည်နယ်သို့ ပို့ဆောင်ပေးဖို့ တစ်ဦးလျင် ဘတ် ၁၅၀၀ ပေးခဲ့တယ်လို့ ၎င်းက ဝန်ခံထွက်ဆိုခဲ့ပါတယ်။

မလေးရှားနိုင်ငံရှိ အလုပ်အကိုင်ပွဲစားတစ်ဉီးကို ဆက်သွယ်ခဲ့ပြီး ၎င်းက ထိုင်းနိုင်ငံမှာရှိနေစဉ် ထိုင်းလူပွဲစားတစ်ဦးကို ဆက်သွယ်ခဲ့တယ်လို့ မြန်မာနိုင်ငံသားတွေက ပြောပါတယ်။

၎င်းတို့ဟာ ထိုင်းနိုင်ငံတွင်း တရားမဝင် ဝင်ရောက်ကာ (၃) ရက်တိုင်တိုင် သွားလာခဲ့ပြီး နရာသီ ဝပ်ပြည်နယ်ရှိ နယ်စပ်ဂိတ်မရောက်မီ ဖမ်းဆီးခံခဲ့ရတာလို့ မြန်မာနိုင်ငံသားတွေက ပြောပါတယ်။

မြန်မာနိုင်ငံသားအားလုံးနဲ့ ထိုင်းယာဉ်မောင်းကို ဉပဒေကြောင်းအရ အရေးယူဖို့ ရဲအချုပ်မှာ ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။

ကိုးကား – Bangkok Post
Ref; 29 illegal migrants found crammed inside pickup box

#Ayeyarwaddy_Times