
ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၄ ရက်
တောင်ပိုင်းတိုင်းစစ်ဒေသတွင် စစ်ကောင်စီမှ ပြည်သူကိုပစ်မှတ်ထား တိုက် ခိုက်မှုကြောင့် ၇ ရက် တစ်ပတ်အတွင်း အရပ်သားပြည်သူ သေဆုံးသူ ရှစ် ဦးထိရှိကြောင်း တောင်ပိုင်းစစ်ဒေသက ယနေ့ နိုဝင်ဘာ ၂၄ ရက်နေ့ နံနက်ပိုင်းက ထုတ်ပြန်သည်။
စစ်ကောင်စီသည် တနင်္သာရီ၊ မွန်၊ ကရင်၊ ပဲခူး စသည့်တောင်ပိုင်းတိုင်း စစ်ဒေသအတွင်းရှိ ပြည်သူ များကိုပစ်မှတ်ထားပြီး ကျေးရွာများအတွင်းသို့ လက်နက်ကြီး၊ ဒရုန်းများဖြင့် ဗုံးသီးကြဲချတိုက်ခိုက်မှု အကြိမ် ၄၀ ကျော်၊ ဗုံးသီး ၁၀၀ ကျော် ပစ်ခတ်တိုက်ခိုက်ခဲ့ ကြောင်း သိရသည်။
ယခု နိုဝင်ဘာလ တတိယအတွင်း၌ စစ်ကောင်စီမှ ပြည်သူကိုပစ်မှတ်ထား၍ ပြည်သူ ရှစ် ဦးသေဆုံးပြီး ၂၈ ဦး အထိဒဏ်ရာရရှိခဲ့ကြောင်း တောင်ပိုင်းစစ်ဒေသ၏ ထုတ်ပြန်ထားချက်အရ သိရသည်။
ထို့အပြင် စစ်ကောင်စီသည် တောင်ပိုင်းစစ်ဒေသအတွင်းရှိ ပြည်သူ ၅၁ ဦးကိုလည်း အကြောင်းမဲ့ ဖမ်းဆီးသွားပြီး အများစုကို ပြန်မလွှတ်သေးဘဲ စစ်မှုထမ်းရန်အတွက် ရည်ရွယ် လုပ်ဆောင်နေကြောင်း သိရသည်။
စစ်ကောင်စီတပ်သားများသည် ယင်းဖမ်းဆီးခံရသူအချို့ထံမှ ပါလာသည့်ပစ္စည်းကို မတရား သိမ်းဆည်း၍ ခြိမ်းခြောက်ငွေညှစ်ကာ ပြန်လွှတ်ပေးမှုများလည်းရှိကြောင်း တောင်ပိုင်းစစ်ဒေသက ထုတ်ပြန် ထားသည်။
ပုံစာ-နိုဝင်ဘာ ပထမပတ်အတွင်းက ဒူးပလာယာခရိုင် ကျုံဒိုးမြို့နယ်အတွင်း စစ်ကောင်စီက ဟောင်ဝစ်ဇာ ဖြင့်ရမ်းသမ်းပစ်ခတ်ထားစဉ်
#တောင်ပိုင်းစစ်ဒေသ #စစ်ကောင်စီ #ပြည်သူ #ပစ်မှတ်ထားတိုက်ခိုက် #Ayeyarwaddy_Times