
ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၃ ရက်
ယူကရိန်းစစ်တပ်က နယ်စပ်ဖြတ်ကျော် ထိုးစစ်ဆင်မှုပြုလုပ်လျက်ရှိရာ ရုရှားနိုင်ငံအနောက်ပိုင်း ကာတ်စ်ဒေသမှာ မြောက်ကိုရီးယား အကြီးတန်းဗိုလ်ချုပ်ကြီးတစ်ဉီး ဒဏ်ရာရရှိခဲ့တယ်လို့ The Wall Street ဂျာနယ်က ဖော်ပြလိုက်ပါတယ်။
မြောက်ကိုရီးယား အဆင့်မြင့်စစ်ဘက်အရာရှိကြီးတစ်ဉီး ဒဏ်ရာရရှိကြောင်း အနောက်နိုင်ငံ တာဝန်ရှိသူတွေက ထုတ်ဖော်ပြောတာ ပထမဆုံးအကြိမ်လို့ အဆိုပါဂျာနယ်က ဆိုပါတယ်။
မကြာသေးမီက ရုရှားနိုင်ငံသို့ စေလွှတ်ခဲ့တဲ့ မြောက်ကိုရီးယားစစ်သည်တွေဟာ ကာတ်စ်ဒေသ မှာ ရုရှားရဲ့စစ်ဆင်ရေးတွေမှာ ပါဝင်နေတယ်လို့ အမေရိကန်အစိုးရက ပြောပါတယ်။
ယူကရိန်းစစ်တပ်ဟာ ရုရှားပိုင်နက်အတွင်းပိုင်းကို တိုက်ခိုက်မှုတွေပြုလုပ်ရာမှာ အမေရိကန်နိုင် ငံ ထောက်ပံ့ပေးထားတဲ့ ဒုံးကျည်တွေအပါအဝင် တာဝေးပစ်ဒုံးကျည်တွေ အသုံးပြုနေပြီလို့ အနောက်နိုင် ငံ မီဒီယာတွေက ဖော်ပြပါတယ်။
ဗြိတိန်နိုင်ငံက ထောက်ပံ့ပေးထားတဲ့ Storm Shadow ဒုံးကျည်တွေကို ဗုဒ္ဓဟူးနေ့က ကာတ်စ် ဒေသသို့ ပစ်ခတ်ခဲ့တယ်လို့ သတင်းတွေက ဖော်ပြပါတယ်။
ရုရှားနိုင်ငံအနောက်ပိုင်းသို့ စေလွှတ်ထားတဲ့ မြောက်ကိုရီးယားတပ်ဖွဲ့ဝင် အရေအတွက်ဟာ ၁၀၀၀၀၀ အထိ ရှိလာနိုင်တယ်လို့ ယူကရိန်းသမ္မတ ဇီလန်စကီးက မိန့်ခွန်းတစ်ခုအတွင်း ပြောကြားခဲ့ပါ တယ်။
ကိုးကား – NHK
Ref; Senior N.Korean general wounded in Ukraine’s strike on western Russia: WSJ
#Ayeyarwaddy_Times