ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၂ ရက်

ဧရာဝတီတိုင်း၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် နိုစစ်ကောင်စီလက်အောက်ခံ ကျောင်းဆရာမတဦးဖွင့်ထားသည့် KTV အား နိုဝင်ဘာ ၂၀ ရက်နေ့က စစ်တပ်မှဝင်ရောက်စီးနင်း ဖမ်းဆီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကျောင်းဆရာမပေါင်းဖွင့်ထားသည့် ရွှေတောင်တန်း KTV ဆိုင်အား မူးယစ်ဆေးဝါးရောင်းချသည်ဟုဆိုကာ အင်အား ၂၀ ကျော်ခန့်ဖြင့် ဝင်ရောက်
ဖမ်းဆီးခဲ့ကြောင်း ဒေသခံများမှ ပြောသည်။

“ သူတို့က ပေါင်းပြီးလုပ်နေတာ ကြာပါပြီ ။အာဏာသိမ်းပြီးကတည်းကဆိုပါတော့ မောင်က အုပ်ချုပ်ရေးမှူး အစ်မက ဆရာမ နှစ်ယောက်လုံးက ရွာကျော်တွေပေါ့ ခုလည်း စစ်တပ်က ဝင်ဖမ်းတာတော့ ဟုတ်တယ်။ ငွေနဲ့ပဲပြီးဖို့များတယ်”ဟု ဒေသခံ အသက် ၅၀ ဝန်းကျင် အမျိုးသမီးတဦးမှ ဧရာဝတီတိုင်းမ်သို့ ပြောသည်။

စစ်ကောင်စီတပ်က KTV ကို ဝင်ရောက်ဖမ်းဆီးချိန်တွင် KTV မယ်များနှင့် ကျောင်းသားအချို့ဖမ်းဆီးခံခဲ့ရကြောင်း ၎င်းမှဆက်လက်ပြောဆိုသည်။

အဆိုပါ KTV ဆိုင်သည် ရဲစခန်းအနီးတွင် ဖွင့်လှစ်ထားသည့်ဆိုင်ဖြစ်ပြီး ရဲများကို အခမဲ့ ဝင်ရောက်ခွင့်ပေးကာ ဖွင့်လှစ်ထားခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

#မော်ကျွန်း #KTV #စစ်ကောင်စီတပ် #Ayeyarwaddy_Times