
ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၂ ရက်
စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်စုအပေါ် ကျူးလွန်သော ရာဇဝတ်မှုတွေအတွက် အစ္စရေးဝန်ကြီး ချုပ် ဘင်ဂျမင်နေတန်ယာဟု၊ ကာကွယ်ရေးဝန်ကြီးဟောင်း ဂဲလန့်နဲ့ ဟားမာစ်အဖွဲ့ခေါင်းဆောင် အီဘ ရာဟင်အယ်လ်မာစရီတို့ကို ဖမ်းဝရမ်းတွေ ထုတ်လိုက်ပြီလို့ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC) က ကြာသပတေးနေ့မှာ ပြောပါတယ်။
နေတန်ယာဟုနဲ့ ဂဲလန့်တို့ဟာ ဂါဇာဒေသမှာ ငတ်မွတ်ခေါင်းပါးမှုနဲ့ ပါလက်စတိုင်းပြည်သူတွေ ကို ဖိနှိပ်မှုအတွက် ရာဇဝတ်ကြောင်းအရ တာဝန်ရှိသူတွေလို့ ယူဆရတဲ့ အကြောင်းတရားတွေရှိတယ်လို့ ICC တရားသူကြီးတွေက ပြောပါတယ်။
ဟားမာစ်အဖွဲ့ခေါင်းဆောင် အီဘရာဟင်အယ်လ်မာစရီကို ဖမ်းဝရမ်းထုတ်ရတဲ့အကြောင်းမှာ ဂါ ဇာစစ်ပွဲဖြစ်စေခဲ့တဲ့ အောက်တိုဘာလ ၇ ရက် အစ္စရေးအပေါ် တိုက်ခိုက်မှုနဲ့ ဓားစာခံတွေကို မှုဒိမ်းကျင့်မှု ကြောင့်လို့ သိရပါတယ်။
အစ္စရေးနိုင်ငံအပေါ် ဟားမာစ်ဉီးဆောင်တဲ့ တိုက်ခိုက်မှုနဲ့ဆက်စပ်တဲ့ ရာဇဝဝတ်မှုတွေနဲ့ ဂါဇာမှာ အစ္စရေးစစ်တပ်ရဲ့ လက်တုံ့ပြန်မှုအတွက် ဖမ်းဝရမ်းတွေထုတ်ဖို့ ကြိုးပမ်းနေတယ်လို့ ICC တရားသူကြီး ကာရင်ခန်းက မေလ ၂၀ ရက်မှာ ကြေညာခဲ့ပါတယ်။
သည်ဟိဂ်မြို့အခြေစိုက် ICC ရဲ့ တရားစီရင်ပိုင်ခွင့်ကို အစ္စရေးနိုင်ငံက ပယ်ချခဲ့ပြီး ဂါဇာဒေသမှာ စစ်ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တာမရှိဘူးလို့ ငြင်းဆန်ပါတယ်။
နေတန်ယာဟုနဲ့ဂဲလန့်တို့ကို ဖမ်းဝရမ်းထုတ်တဲ့ ICC ရဲ့ ဆုံးဖြတ်ချက်ဟာ ရှက်စရာလို့ အစ္စရေး ဝန်ကြီးချုပ်ဟောင်း နာတာလီဘင်းနက်က ပြောကြားခဲ့သလို ICC ရဲ့လုပ်ဆောင်ချက်ဟာ အကြမ်းဖက် ဝါဒအတွက် ဆုကြေးတစ်ခုလို့ အတိုက်အခံခေါင်းဆောင် ယာလာပက်က ရှုတ်ချလိုက်ပါတယ်။
စစ်ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို အစ္စရေးနဲ့ ဟားမာစ်အဖွဲ့ခေါင်း ဆောင်တွေက ပယ်ချခဲ့ပါတယ်။
ICC အနေနဲ့ ဖမ်းဆီးမှုတွေလုပ်ဆောင်ဖို့ ကိုယ်ပိုင်ရဲတပ်ဖွဲ့မရှိဘဲ ဖမ်းဆီးမှုတွေပြုလုပ်ဖို့ အဖွဲ့ဝင် နိုင်ငံတွေကို အားထားရပါတယ်။
ICC မှာ ဉရောပသမဂ္ဂအဖွဲ့ဝင်အားလုံး၊ ဗြိတိန်၊ ဂျပန်၊ ဘရာဇီး၊ သြစတြေးလျ၊ ကနေဒါ၊ အရှေ့အ လယ်ပိုင်းနိုင်ငံတွေ၊ ပါလက်စတိုင်းနဲ့ ဂျော်ဒန်နိုင်ငံတို့ ပါဝင်ပါတယ်။ ICC ရဲ့ တရားစီရင်ပိုင်ခွင့်အပေါ် အစ္စရေးနိုင်ငံရဲ့ လက်သင့်ခံမှု မလိုအပ်ဘူးလို့ ICC က ပြောပါတယ်။
ကိုးကား – Reuters
Ref; ICC issues arrest warrants for Israel’s Netanyahu, Gallant and Hamas leader
#Ayeyarwaddy_Times