ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၂ ရက်

မြန်မာနိုင်ငံမှာ ပြည်တွင်းစစ်နဲ့ ရာသီဉတုပြောင်းလဲမှုကြောင့် အိုးအိမ်စွန့်ခွာရတဲ့ ပြည်သူ ၃ ဒသ မ ၄ သန်းကျော်အနက် (၄၀) ရာခိုင်နှုန်းနီးပါးမှာ ကလေးငယ်တွေဖြစ်တယ်လို့ ကုလသမဂ္ဂ ကလေးငယ် များဆိုင်ရာ အေဂျင်စီက ကြာသပတေးနေ့မှာ ပြောပါတယ်။

“မြန်မာနိုင်ငံရဲ့ လူသားချင်းစာနာမှု အကျပ်အတည်းဟာ အရေးပါတဲ့ အလှည့်အပြောင်းတစ်ခုကို ရောက်ရှိနေပြီး အရှိန်မြှင့်လာတဲ့ ပဋိပက္ခနဲ့ ရာသီဉတုပြောင်းလဲမှုတွေက ကလေးငယ်တွေနဲ့ မိသားစု တွေကို မကြုံစဖူး အန္တရာယ်အခြေအနေ တွန်းပေးနေတယ်” လို့ ယူနီဆက် ဒုတိယ အမှုဆောင်ဒါရိုက် တာ တဒ်ချိုင်ဘန်က ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။

မြန်မာစစ်ကောင်စီဟာ အာဏာသိမ်းမှုကိုဆန့်ကျင်သူတွေရဲ့ လက်နက်ကိုင်တွန်းလှန်မှုကို တိုက် ပွဲဝင်နေရပြီး စစ်သားတွေဟာ အကြမ်းဖက်မှုတွေ ကျူးလွန်ကာ အရပ်သား အသိုင်းအဝိုင်းတွေ အပြစ် ပေးဖို့ လေကြောင်းနဲ့ လက်နက်ကြီးတိုက်ခိုက်မှုတွေ အသုံးပြုနေပါတယ်။

စစ်ကောင်စီက နိုဝင်ဘာလ ၁၅ ရက်မှာ ကလေးငယ်တွေ ဘောလုံးကစားလျက်ရှိရာ ကချင်ပြည် နယ်ရှိ ခရစ်ယာန်ဘုရားကျောင်းဝင်းတစ်ခုကို လေကြောင်းတိုက်ခိုက်ခဲ့ရာ ကလေးငယ် (၇) ဉီးနဲ့ အရပ် သားနှစ်ဉီး သေဆုံးခဲ့တယ်လို့ တဒ်ချိုင်ဘန်က ပြောပါတယ်။

၂၀၂၄ ခုနှစ်အတွင်း မြန်မာနိုင်ငံတစ်ဝှမ်း စစ်ကောင်စီရဲ့ အကြမ်းဖက်မှုတွေကြောင့် ကလေးငယ် ၆၅၀ ဉီးထက်မနည်း သေဆုံး သို့မဟုတ် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

မြေမြှုပ်မိုင်းနဲ့ စစ်ကျန်လက်နက်တွေပေါက်ကွဲမှုကြောင့် အရပ်သားသေဆုံးသူ ၁၀၀၀ ကျော်ရဲ့ သုံးပုံတစ်ပုံဟာ အသက်မပြည့်သေးတဲ့ ကလေးငယ်တွေဖြစ်တယ်လို့ သူက ဆိုပါတယ်။

နေအိမ်တွေ၊ ဆေးရုံတွေနဲ့ စာသင်ကျောင်းတွေကို လေကြောင်းတိုက်ခိုက်မှုနဲ့ မိုင်းပေါက်ကွဲမှု အ ပါအဝင် အရပ်သားနယ်မြေတွေမှာ လူသေစေတဲ့ လက်နက်တွေပိုသုံးလာမှုက ကလေးငယ်တွေအတွက် ဘေးကင်းတဲ့နေရာတွေ အကန့်အသတ်ဖြစ်စေခဲ့ပါတယ်” လို့ ၎င်းက ပြောပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်မှာ ပြီးခဲ့တဲ့အပတ်အတွင်း စစ်တပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုတစ်ခုက လက်ဖက်ရည်ဆိုင်တစ်ခုကို ထိမှန်ခဲ့ရာ လူ (၁၁) ဉီး သေဆုံးခဲ့ပါတယ်။

ကိုးကား – AFP
Ref; Nearly 40pc of over 3.4 million displaced in Myanmar are children, UN warns as conflict, climate shocks worsen

#Ayeyarwaddy_Times