
ဧရာ၀တီတိုင်းမ်
နို၀င်ဘာ ၂၂ ရက်
လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ (IPCM) မှ ပြုစုထားသော သတင်းမီဒီယာကျင့်ဝတ် (Code of Conduct) စာအုပ်များကို လွတ်လပ်သောသတင်းဌာနများနှင့် သတင်းမီဒီယာလောကသားများထံ IPCM မှ အခမဲ့ ဖြန့်ေ၀ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
IPCM အနေဖြင့် သတင်းမီဒီယာကျင့်ဝတ် (ပထမမူ) ကို ၂၀၂၄ ခုနှစ်၊ မေလ ၃ ရက်နေ့က ပြုလုပ်သည့် World Press Freedom နေ့တွင် စတင်ဖြန့်ချိ ခဲ့ပြီး အဆိုပါလမ်းညွန်ကို အခြေခံကာ ခေတ်နှင့်အညီ ဖြစ်စေရန် လိုအပ်သည်များကို ပြင်ဆင်ဖြည့်စွက်ပြီး IPCM က ယခုမူ ကို ထပ်မံပြုစုထားခြင်းဖြစ်သည်။
အဆိုပါ သတင်းမီဒီယာကျင့်၀တ်စာအုပ်မိတ်ဆက်ဖြန့်ချိခြင်း အစီအစဥ်ကို IPCM က လာမည့်နိုဝင်ဘာလ ၂၅ ရက်နေ့တွင် အွန်လိုင်း Zoom Meeting မှတဆင့် ပြုလုပ်သွားမည် ဖြစ်ပြီး IPCM မှ ရိုက်နှိပ်ထားသော စာအုပ်ရေ (၃၀၀) ကို အခမဲ့ဖြန့်ေ၀ပေးသွားမည်ဖြစ်ကာ PDF ဖိုင် ရယူလိုသူများကိုလည်း အီးမေးလ်မှတဆင့် ဖြန့်ချီပေးသွားရန် ပြင်ဆင်ထားကြောင်း သိရသည်။
ဓာတ်ပုံ – IPCM
#Ayeyarwaddy_Times #IPCM #သတင်းမီဒီယာကျင့်၀တ်