
ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၂ ရက်
နျူကလီးယားနဲ့ ဒုံးကျည်ထုတ်လုပ်မှု တိုးမြှင့်မယ့် သူ့ရဲ့ရည်ရွယ်ချက်ကို မြောက်ကိုရီးယားခေါင်း ဆောင် ကင်ဂျုံအန်က အလေးထားပြောကြားခဲ့ပါတယ်။
အနာဂတ်မှာ အမေရိကန်နိုင်ငံရဲ့ သံခင်းတမန်ခင်းနဲ့ပတ်သက်လို့ သူက အခုလို မှတ်ချက်ပြုတာ လို့ ယူဆရပါတယ်။
ကြာသပတေးနေ့က ပြုံယမ်းမြို့တော်မှာကျင်းပတဲ့ စစ်လက်နက်ပြပွဲတစ်ခုရဲ့ ဖွင့်ပွဲအခမ်းအနား မှာ ကင်ဂျုံအန်က အခုလို ပြောကြားခဲ့တာလို့ မြောက်ကိုရီးယားအာဏာရ အလုပ်သမားပါတီ Rodong Sinmun က ဖော်ပြခဲ့ပါတယ်။
အဆိုပါသတင်းစာက ထုတ်ပြန်ခဲ့တဲ့ဓာတ်ပုံတွေထဲမှာ တိုက်ချင်းပစ်ပဲ့ထိန်းအမျိုးအစား ဒုံးကျည် တစ်မျိုးနဲ့ အသံထက်မြန်သော ဒုံးကျည်တစ်မျိုး ပါဝင်ပါတယ်။
မြောက်ကိုရီးယားနဲ့ပတ်သက်လို့ အမေရိကန်နိုင်ငံရဲ့ ကြမ်းကြုတ်သော၊ ရန်လိုသောမူဝါဒက ဘယ်တော့မှ မပြောင်းလဲဘူးဆိုတာ သူ့ရဲ့ အမေရိကန်နိုင်ငံနဲ့ စေ့စပ်ညှိနှိုင်းမှု အတွေ့အကြုံက သူ့ကို လက်ခံယုံကြည်စေခဲ့တယ်လို့ ကင်ဂျုံအန်က ပြောပါတယ်။
“မိမိတို့အချုပ်အခြာအာဏာကို ခြိမ်းခြောက်နေတဲ့ တပ်ဖွဲ့တွေရှိနေသရွေ့ စစ်လက်နက်အမျိုးမျိုး ကို ခေတ်မီအောင်ပြုလုပ်နေရမယ်လို့ သူက ဆိုပါတယ်။
ကင်ဂျုံအန်ရဲ့မှတ်ချက်စကားက မြောက်ကိုရီးယားနဲ့ အမေရိကန် ရွေးကောက်ခံသမ္မတ ဒေါ်နယ် ထရမ့်ကြား ထိပ်သီးဆွေးနွေးမှု ပြန်လည်စတင်ဖို့ အလားအလာကို စိတ်ဝင်စားမှု ဖော်ပြတာလို့ တောင် ကိုရီးယား ယွန်ဟပ်သတင်းဌာနက ဖော်ပြပါတယ်။
ကိုးကား – NHK
Ref; North Korean leader: US hostile policy ‘will never change’
#Ayeyarwaddy_Times