
ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၂ ရက်
အာဏာသိမ်းစစ်ခေါင်းဆောင်သည် မွေးမြူရေးလုပ်ငန်းများ တိုးတက်ရေးဆောင်ရွက်ရန်လိုအပ်ကြောင်း ထပ်ကာထပ်ကာပြောကြားနေသာ်လည်း မွေးမြူရေးအစာနှင့်ဆေးဝါးတင်သွင်းရာတွင် အခက်အခဲများရှိနေသဖြင့် ဝက်သားဈေးနှန်းများထပ်မံမြင့်တက်လာကြောင်း သတင်းရရှိသည်။
မကြာသေးခင်က နေပြည်တော်တွင်ပြုလုပ်သော စစ်ကောင်စီအစည်းအဝေးတွင် စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရန် လိုအပ်ကြောင်းပြောကြားခဲ့ခြင်းဖြစ်သည်။
လက်ရှိအသားတိုးဝက်ဈေးနှုန်းသည် တစ်ပိဿာလျှင် ကျပ်သုံးသောင်းခွဲမှ သုံးသောင်းရှစ်ထောင်ကြားရှိပြီး တစ်လအတွင်း တစ်
ပိဿာလျှင် ကျပ်တစ်သောင်းဝန်းကျင် ဈေးတက်လာခြင်းဖြစ်သည်။
စစ်ကောင်စီက တိရစ္ဆာန်အစာအစားနှင့်ဆေးဝါးတင်သွင်းခွင့် လိုင်စင်ထုတ်ပေးမှုမရှိခြင်း၊ မွေးမြူရေးအစာအများစုကို ထိုင်းနှင့် တရုတ်နိုင်ငံမှအဓိကတင်သွင်းရခြင်းနှင့် အခြားအခက်အခဲများကြောင့် ဈေးမြင့်တက်လျက်ရှိကြောင်း ဈေးကွက်အတွင်းစုံစမ်းသိရသည်။
ဝက်ငယ်စာ၊ ဝက်လတ်စာနှင့် ဝက်အကြီးများအစာအဖြစ်သုံးမျိုးခွဲခြားထားပြီး အသက်အရွယ်အလိုက်အစာကျွေးရကြောင်း၊ အစားအိတ် ၂၅ Kg တစ်ထုပ်လျှင် ကျပ် ၆၀၀၀ မှ ၉၀၀၀၀ ကြားရှိကြောင်း de heus Myanmar ထံမှ သိရသည်။
“ဝက်သားဈေးတက်သွားပြီး။ တစ်ဆယ်သား ၃၅၀၀ ဖြစ်နေပြီ။ အခြားဟာတွေအကုန်ဈေးတက်တယ်။ ကျတာတစ်ခုမှမရှိဘူး။ ခရမ်းချဉ်သီးတစ်ဆယ်သား ၁၃၀၀ ကျပ် အကုန်အတက်ချည်းပဲ” ဟု ရန်ကုန်မြို့ခံ ကုမ္ပဏီဝန်ထမ်းအမျိုးသမီးတစ်ဦးက ပြောကြားသည်။
လက်ရှိဈေးကွက်အတွင်းဝက်သားဈေးနှုန်းသာမက ကြက်သားဈေးနှုန်းသည် တစ်ပိဿာ ကျပ် နှစ်သောင်းနှင့် နှစ်သောင်းခွဲကြားဖြစ်နေသည်မှာ တစ်လကျော်ကြာမြင့်နေပြီဖြစ်သည်။
ထို့ပြင်စားဖိုချောင်သုံးသီးနှံ ကြက်သွန်ဖြူ၊ မကျည်းသီး၊ ပဲနီလေး၊ ကြက်သွန်နီ နှင့် အာလူးဈေးများဆက်လက်မြင့်တက်နေကြောင်း ရန်ကုန်မြို့ခံ အိမ်ထောင်ဦးစီး အမျိုးသားတစ်ဦးက ပြောကြားသည်။
ဓာတ်ပုံ – deheus Myanmar
#မွေးမြူရေးလုပ်ငန်းထဖဖစတိုးတက်ရန်စစ်ကောင်စီဆို
#ဝက်ဈေးတက် #Ayeyarwaddy_Times