
ဧရာဝတီတိုင်းမ်
(မင်းတပ်)၊ နိုဝင်ဘာ ၂၁ ရက်
ချင်းပြည်နယ်၊ မင်းတပ်မြို့သိမ်းတိုက်ပွဲကို ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်)နှင့် မဟာမိတ် ပူးပေါင်း တပ်ဖွဲ့တို့က အသာစီးရနေပြီး မြို့ပေါ်၏ ၆၀ ရာခိုင်နှုန်းကျော်ကို ထိန်းချုပ်နိုင်ပြီ ဖြစ်ကြောင်း သိရသည်။
ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်)နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက ပြီးခဲ့သည့် နိုဝင်ဘာ ၉ ရက်နေ့မှ စတင်၍ မင်းတပ်မြို့သိမ်းတိုက်ပွဲကို စတင်ဆင်နွှဲခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီဘက်က လေကြောင်း တိုက်ခိုက်မှုများနေ့စဥ်ပြုလုပ်နေသလို လူနေအိမ်အများအပြားမီးရှို့နေကြောင်းသိရသည်။
“ကျွန်တော်တို့ အောင်ပွဲရတာတွေရှိပါတယ်။ စခန်းသိမ်းတာလည်းရှိပါတယ်။ အဲ့ဒါကိုတော့ ဘယ်လောက်သိမ်းနိုင်တယ်။ ဘယ်လိုသိမ်းတယ်။ ဘယ်လိုရတယ်ဆိုတဲ့အားလုံးကို ချင်းညီနောင်ကနေ ထုတ်ပြန်ဖို့ရှိပါတယ်” ဟု မင်းတပ်မြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေး၏ ပြောခွင့်ရဆလိုင်းယောမာန်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
လက်ရှိမြို့ပေါ်တွင် တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး ပိတ်မိနေသည့် သက်ကြီးရွယ်အိုများ၊ သွားလာရန် ခက်ခဲသူများနှင့် စိတ်ကျန်းမာရေးချို့တည့်သူများကို ဘေးကင်းလုံခြုံသည့် နေရာများသို့ ကယ် ထုတ်ရွှေ့ပြောင်းမှုများကိုလည်း CDF-မင်းတပ်က ပြုလုပ်ပေးနေကြောင်းသိရသည်။
ချင်းညီနောင်တပ်ဖွဲ့ထိန်းချုပ်ထားသော မြို့နယ်များတွင် ယခု ၂၀၂၄ ခုနှစ်အတွင်း စစ်ကောင်စီကင်း စင်ရေး စစ်ရေးရည်မှန်းချက်ချမှတ်ထားပြီး လက်ရှိအကောင်အကောင်ဖော် ဆောင်ရွက်နေ ကြောင်း သိရသည်။
ပုံစာ- မင်းတပ်မြို့။
#မင်းတပ်မြို့သိမ်းတိုက်ပွဲ #ချင်းတော်လှန်ရေး #၆၀ရာခိုင်နှုန်းထိန်းချုပ် #စစ်ကောင်စီ #လေကြောင်း #ပြင်းပြင်းထန်ထန်တိုက်ခိုက်နေ #Ayeyarwaddy_Times