ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၁ ရက်

ဂါဇာကမ်းမြောင်ဒေသမှာ ဟားမာစ်အဖွဲ့ ထိန်းသိမ်းထားတဲ့ ဓားစာခံတစ်ယောက် လွတ်မြောက် အောင်ဆောင်ရွက်ပေးပါက အစ္စရေးနိုင်ငံက ဆုကြေး ဒေါ်လာ (၅) သန်း ချီးမြှင့်မယ်လို့ ဝန်ကြီးချုပ် ဘင် ဂျမင်နေတန်ယာဟုက ပြောပါတယ်။

ကာကွယ်ရေးဝန်ကြီး အစ္စရေးကာတ်ဇ်နဲ့အတူ ဂါဇာဒေသရှိ အစ္စရေးတပ်ဖွဲ့တွေထံ သွားရောက်ခဲ့ တဲ့ အင်္ဂါနေ့မှာ သူက အခုလို ကြေညာခဲ့တာပါ။

အစ္စရေးနဲ့ ဟားမာစ်အဖွဲ့ကြား အပစ်အခတ်ရပ်စဲရေးနဲ့ ဓားစာခံတွေ လွတ်မြောက်ရေး စေ့စပ်လ ညှိုနှိုင်းမှုတွေ အဆင်မပြေဖြစ်နေချိန် ဓားစာခံမိသားစုတွေရဲ့ ဖိအားတွေကြောင့် အခုလို ဆုကြေးချီးမြှင့် ဖို့ ကြေညာတာဖြစ်ပါတယ်။

ဓားစာခံတွေ အိမ်ပြန်ရောက်ချိန်အထိ အစ္စရေးနိုင်ငံက ကြိုးပမ်းမှုတွေ ဆက်လက်ပြုလုပ်မယ်လို့ နေတန်ယာဟုက ပြောကြားခဲ့ပါတယ်။

နေတန်ယာဟုက ဂါဇာဒေသမှာ အစ္စရေးတပ်ဖွဲ့ရဲ့ အောင်မြင်မှုကို ချီးကျူးခဲ့ပြီး ဟားမာစ်အဖွဲ့ရဲ့ စစ်ရေးစွမ်းပကားတွေကို မှန်မှန် ရှင်းလင်းသုတ်သင်နေတယ်လို့ ပြောပါတယ်။

အစ္စရေးနဲ့ လက်ဘနွန်ရှီးယိုက်မူဆလင်အဖွဲ့ ဟက်ဇ်ဘိုလာကြား အပစ်အခတ်ရပ်စဲရေး ကြိုးပမ်း ဖို့ အမေရိကန် အထူးကိုယ်စားလှယ် အေမို့စ်ဟိုချက်စတိန်းက လက်ဘနွန်သို့ သွားရောက်ခဲ့ပါတယ်။

အလွန် အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပြီး အစ္စရေးနဲ့ဟက်ဇ်ဘိုလာအဖွဲ့ကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တစ်ရပ်ရရှိဖို့ နီးကပ်လာပြီလို့ သူက ဆိုပါတယ်။

အငြင်းပွားဖွယ်ရာ ပြဿနာအချို့ကို သဘောတူခဲ့ပြီဖြစ်ပေမယ့် အရေးကြီးတဲ့အချက်အချို့ သ ဘောတူညီမှုမရသေးဘူးလို့ အရှေ့အလယ်ပိုင်းမီဒီယာတွေက သတင်းရင်းမြစ်တွေကို ကိုးကားပြီး ဖော်ပြ ခဲ့ပါတယ်။

ကိုးကား – NHK
Ref; Netanyahu offers $5 mil. reward for every Gaza hostage freed

#Ayeyarwaddy_Times