ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၁ ရက်

ရုရှားနိုင်ငံအနောက်ပိုင်းမှာ မြောက်ကိုရီးယားတပ်ဖွဲ့ဝင် အရေအတွက် တိုးလာတာကို နိုင်ငံတ ကာက အရေးယူကြဖို့ ယူကရိန်းသမ္မတ ဇီလန်စကီးက တောင်းဆိုလိုက်ပါတယ်။

ရုရှားရဲ့ ယူကရိန်းကျူးကျော်စစ် ရက် ၁၀၀၀ ပြည့်အထိမ်းအမှတ် အင်္ဂါနေ့က ဉရောပလွှတ်တော် သို့ အွန်လိုင်းမှတစ်ဆင့် မိန့်ခွန်းပြောကြားရာမှာ သူက အခုလို မှတ်ချက်ပြုခဲ့တာပါ။

ယူကရိန်းတပ်ဖွဲ့တွေက နယ်စပ်ဖြတ်ကျော် ထိုးစစ်ဆင်မှုတွေ ပြုလုပ်လျက်ရှိရာ ရုရှားနိုင်ငံအ နောက်ပိုင်း၊ ကာတ်စ်ဒေသမှာ မြောက်ကိုရီးယားတပ်ဖွဲ့တွေကို ဖြန့်ကြက်ထားတာပါ။

ရုရှားသမ္မတ ဗလာဒီမာပူတင်က မြောက်ကိုရီးယားတပ်ဖွဲ့ဝင် ၁၁၀၀၀ ကို ယူကရိန်းနယ်စပ်သို့ ပို့ ဆောင်ခဲ့ပြီး တပ်ဖွဲ့ဝင်အရေအတွက်ဟာ (၁၀၀၀၀၀) အထိ တိုးလာနိုင်တယ်လို့ ၎င်းက သတိပေးပါ တယ်။

ကမ္ဘာ့တိုင်းပြည်တွေက နှောင့်နှေးကြန့်ကြာမှုမရှိဘဲ ရုရှားနိုင်ငံကို အရေးကြဖို့ သူက တောင်းဆိုခဲ့ ပြီး ပူတင်မှာ အချိန်ပိုရလာလေ အခြေအနေတွေ ပိုဆိုးလာလေလို့ ပြောပါတယ်။

ဇီလန်စကီးဟာ နောက်ပိုင်းမှာ ဒိန်းမတ်ဝန်ကြီးချုပ် မတ်တေးဖရက်ဒရစ်ဆင်နဲ့ တွေ့ဆုံကာ ပူး တွဲ သတင်းစာရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ခဲ့ပါတယ်။

ယူကရိန်းနိုင်ငံက အမေရိကန်နိုင်ငံ ထောက်ပံ့ပေးထားတဲ့ ATACMS ဒုံးကျည်တွေနဲ့ ရုရှားပိုင် နက်ကို တိုက်ခိုက်ခဲ့ပါသလားဟု မေးမြန်းရာမှာ ၎င်းက အသေးစိတ်ရှင်းပြဖို့ ငြင်းဆန်ခဲ့ပါတယ်။

ပူတင်ရဲ့ နျူကလီးယားလက်နက်တွေ အသုံးပြုဖို့ ထပ်တလဲလဲ ခြိမ်းခြောက်မှုကိုလည်း သူက ထောက်ပြခဲ့ပြီး ရုရှားခေါင်းဆောင်ဟာ ငြိမ်းချမ်းရေး အလိုမရှိဘူးဆိုတာ ယူကရိန်းစစ်ပွဲ ရက် ၁၀၀၀ အ ထိ ရောက်ရှိလာတာက နားလည်သဘောပေါက်ဖို့ လုံလောက်တယ်လို့ ပြောပါတယ်။

ပူတင်က နျူကလီးယားလက်နက်တွေအကြောင်း စပြောလာမယ်ဆိုရင် ကမ္ဘာကြီးကလည်း စား ပွဲဝိုင်းပေါ်မှာ ပြင်းထန်သော အဖြေတစ်ခု ထားရမယ်လို့ ၎င်းက ဆိုပါတယ်။

ကိုးကား – NHK
Ref; Zelenskyy: N.Korean troops may grow to 100,000 at Russian border with Ukraine

#Ayeyarwaddy_Times