
ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၁ ရက်
မြန်မာစစ်ကောင်စီရဲ့လုပ်ရပ်တွေဟာ အာဆီယံအဖွဲ့ကို ကျောထောက်နောက်ခံပြုထားတဲ့ အ ရေးပါသော အခြေခံမူဝါဒတစ်ခုကို အားနည်းစေနိုင်တယ်လို့ စင်ကာပူ ကာကွယ်ရေးဝန်ကြီး Ng Eng Hen က ပြောပါတယ်။
“မြန်မာစစ်ကောင်စီရဲ့ အပြုအမူဟာ ဆယ်စုနှစ်နှစ်ခုကျော် တည်ဆောက်ထားတဲ့ အာဆီယံဗဟို ပြုမှုကို ထိခိုက်စေပါတယ်” လို့ စင်ကာပူ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တစ်ရပ်က ဗုဒ္ဓဟူး နေ့မှာ ဖော်ပြခဲ့ပါတယ်။
အကျိုးဆက်အနေနဲ့ ဒေသတွင်း အဆင့်မြင့်ဆုံး ကာကွယ်ရေးနဲ့ ပူးပေါင်းဆောင်ရွက်မှု ယန္တယား ဖြစ်တဲ့ အာဆီယံ ကာကွယ်ရေးဝန်ကြီးများအစည်းအဝေး (ADMM) ဟာ အများယုံကြည်လက်ခံနိုင်စွမ်း ဆုံးရှုံးနိုင်တယ်လို့ လာအိုနိုင်ငံမှာကျင်းပတဲ့ ၁၈ ကြိမ်မြောက် ADMM မှာ သူက ပြောပါတယ်။
အာဆီယံဗဟိုပြုမှုဆိုတာ ဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေးနဲ့ သံခင်းတမန်ခင်းမှာ အာဆီယံ အဖွဲ့က ဉီးဆောင်အခန်းကဏ္ဍမှ ပါဝင်သင့်တယ်ဆိုတဲ့ အခြေခံမူဝါဒကို ဆိုလိုပါတယ်။
“မြန်မာစစ်ကောင်စီရဲ့အပြုအမူဟာ မြန်မာ့အကျပ်အတည်းဟာ အာဆီယံအဖွဲ့ရဲ့ ဆုံးဖြတ်ချက် ချမှတ်မှုမှာ မထိခိုက်စေရဆိုတဲ့ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလမှ ထုတ်ပြန်ခဲ့တဲ့ အာဆီယံခေါင်းဆောင် တွေရဲ့ ဘုံသဘောတူညီချက် (၅) ရပ် အကောင်အထည်ဖော်ဆောင်မှုအပေါ် ပြန်လည်သုံးသပ်မှု၊ ဆုံး ဖြတ်ချက်နဲ့ မကိုက်ညီတာကို Ng Eng Hen က ထောက်ပြတာဖြစ်ပါတယ်” လို့ စင်ကာပူ ကာကွယ်ရေး ဝန်ကြီးဌာနက ပြောပါတယ်။
အာဆီယံအဖွဲ့ကို နိုင်ငံရေး လက်တုံ့ပြန်ရာမှာ အသုံးမချဖို့နဲ့ အာဆီယံ ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေး (ADMM) ကို ခက်ခဲတဲ့အခြေအနေ တွန်းမပို့ဖို့ Ng Eng Hen က တိုက်တွန်းခဲ့တာလို့ စင် ကာပူ ကာကွယ်ရေးဝန်ကြီးဌာနက ဆိုပါတယ်။
ကိုးကား – CNA
Ref; Myanmar’s behaviour risks undermining ASEAN centrality: Ng Eng Hen
#Ayeyarwaddy_Times