
ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၁ ရက်
ယူကရိန်းစစ်တပ်ဟာ ဗြိတိန်နိုင်ငံက ထောက်ပံ့ပေးထားတဲ့ Storm Shadow ခရုဇ်ဒုံးကျည်တွေ ကို ပထမဆုံးအကြိမ်အဖြစ် ရုရှားပိုင်နက်အတွင်းသို့ ပစ်ခတ်ခဲ့တယ်လို့ အနောက်နိုင်ငံမီဒီယာတွေက ဖော်ပြပါတယ်။
ယူကရိန်းစစ်ပွဲမှာ မြောက်ကိုရီးယားတပ်ဖွဲ့တွေ စေလွှတ်တာကို လက်တုံ့ပြန်မှုအဖြစ် ဗြိတိန်နိုင် ငံက တာဝေးပစ်ဒုံးကျည်တွေ အသုံးပြုဖို့ ခွင့်ပြုခဲ့တယ်လို့ အနောက်နိုင်ငံ တာဝန်ရှိသူတစ်ဉီးကို ကိုးကား ပြီး အမေရိကန်မီဒီယာ ဘလွန်းဘဂ်က ဗုဒ္ဓဟူးနေ့မှာ ဖော်ပြခဲ့ပါတယ်။
Storm Shadow ခရုဇ်ဒုံးကျည်ရဲ့ အစိတ်အပိုင်းအချို့ကို ရုရှားနိုင်ငံအနောက်ပိုင်း ကာတ်စ်ဒေသရှိ ကျေးရွာတစ်ရွာမှာ တွေ့ရှိခဲ့တယ်လို့ ဗြိတိန်မီဒီယာ Telegraph သတင်းစာက ဖော်ပြပါတယ်။
ယူကရိန်းဒုံးကျည်နှစ်စင်းကို ကြားဖြတ်ဟန့်တားခဲ့တယ်လို့ ကာတ်စ်ပြည်နယ် အုပ်ချုပ်ရေးမှူး က လူမှုကွန်ရက်မှာ ဖော်ပြခဲ့ပေမယ့် ဒုံးကျည်အမျိုးအစားကိုတော့ မဖော်ပြခဲ့ပါဘူး။
Storm Shadow ခရုဇ်ဒုံးကျည်ဟာ အကွာအဝေး ကီလိုမီတာ ၂၅၀ ကျော်အထိ ရောက်ရှိနိုင်တယ် လို့ သိရပါတယ်။
ဗြိတိန်နိုင်ငံဟာ ရုရှားနိုင်ငံတွင်းကို Storm Shadow ခရုဇ်ဒုံးကျည် ပစ်ခတ်ဖို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ရဲ့ ခွင့်ပြုချက် တောင်းခံခဲ့တယ်လို့ ဆိုပါတယ်။
စစ်ဆင်ရေးအကြောင်း အသေးစိတ် မပြောလိုဘူးလို့ ဗြိတိန် ကာကွယ်ရေးဝန်ကြီး ဂျွန်ဟာလေ က ဗုဒ္ဓဟူးနေ့မှာ လွှတ်တော်မှာ ပြောကြားခဲ့ပါတယ်။
အမေရိကန်နိုင်ငံထုတ် ATACMS ဒုံးကျည်တွေကို ရုရှားနိုင်ငံအနောက်ပိုင်း Bryansk ဒေသသို့ ပစ်ခတ်ခဲ့တယ်လို့ ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက အင်္ဂါနေ့မှာ ကြေညာခဲ့ပါတယ်။
တာဝေးပစ်ဒုံးကျည်တွေ အသုံးပြုခွင့် အတည်ပြုရင် ရုရှားနိုင်ငံရဲ့ရပ်တည်ချက် ပြောင်းလဲမယ်လို့ သမ္မတ ဗလာဒီမာပူတင်က သတိပေးခဲ့တယ်လို့ ရုရှား နိုင်ငံခြားရေးဝန်ကြီး ဆာဂျီလာရော့ဗ်က ပြောပါ တယ်။
ကိုးကား – NHK
Ref; Ukraine reportedly fires British-supplied long-range missiles into Russia
#Ayeyarwaddy_Times