ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၀ ရက်

ကိုးကန့်တပ်ဖွဲ့ (MNDAA) ခေါင်းဆောင် ဖုန်တာရွှင်ဟာ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်မှာ ဆေး ကုသမှု ခံယူနေတယ်လို့ တရုတ်နိုင်ငံက ပြောကြားပြီး နေအိမ်အကျယ်ချုပ် ထိန်းသိမ်းခံထားရတယ်ဆို တဲ့ သတင်းတွေကို ငြင်းဆန်လိုက်ပါတယ်။

“MNDAA အဖွဲ့ ခေါင်းဆောင် ဖုန်တာရွှင်ဟာ အရင်က တရုတ်နိုင်ငံမှာ ဆေးကုသဖို့ခွင့် တောင်း ခံခဲ့ပြီး အခုဆိုရင် ဆေးကုသမှုခံယူပြီးလို့ ပြန်လည်နာလန်ထူလာပြီ” လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လီကျင်းက အင်္ဂါနေ့မှာ ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့လနှောင်းပိုင်းက တရုတ် အကြီးတန်းတာဝန်ရှိသူတစ်ဉီးနဲ့ တွေ့ဆုံဆွေးနွေးဖို့ ဖုန်တာရွှင် ကို ဆင့်ခေါ်ပြီးနောက်ပိုင်း ၎င်းဟာ ယူနန်ပြည်နယ်မှာ ထိန်းသိမ်းခံထားရတာလို့ မြန်မာသတင်းဌာန Myanmar Now က တနင်္လာနေ့မှာ သတင်းရင်းမြစ်တွေကို ကိုးကားပြီး ဖော်ပြခဲ့ပါတယ်။

ဖုန်တာရွှင်ဟာ ယူနန်ပြည်နယ်မှာ ရှိနေချိန်အတွင်း မြန်မာနိုင်ငံရှိ တပ်မှူးတွေနဲ့ ဖုန်းအဆက်အ သွယ်ရခဲ့တယ်လို့ သတင်းတွေအရ သိရပါတယ်။

ဖုန်တာရွှင်ဟာ ယူနန်ပြည်နယ်နဲ့ နယ်နိမိတ်ထိစပ်နေတဲ့ ကိုးကန့်ဒေသကို မြန်မာစစ်တပ်ထံ လက်လွှတ်ခဲ့တဲ ၂၀၀၉ ခုနှစ်ကတည်းက ကိုးကန့်တပ်ဖွဲ့ (MNDAA) ကို ဉီးဆောင်ခဲ့တာဖြစ်ပါတယ်။

မြန်မာပဋိပက္ခဟာ အခြေအနေဆိုးရွားလာတာကြောင့် တရုတ်နိုင်ငံက တိုက်ပွဲအရှိန်လျှော့ဖို့နဲ့ ငြိမ်းချမ်းရေး သဘောတူညီချက်တစ်ရပ်ရရှိဖို့ အကျိုးဆောင်ခဲ့ပါတယ်။

အာဏာသိမ်းစစ်ကောင်စီဟာ ပြိုလဲလုနီးပါးအခြေအနေ ရောက်ရှိနေပြီဖြစ်လို့ မြန်မာနိုင်ငံမှာ စည်းလုံးညီညွတ်ကြဖို့ တရုတ်နိုင်ငံက တောင်းဆိုခဲ့ပါတယ်။

လာမယ့်နှစ်မှာပြုလုပ်မယ့် ရွေးကောက်ပွဲမတိုင်မီ သန်းခေါင်စာရင်း ကောက်ယူရေးမှာ နည်းပ ညာ အကူအညီပေးမယ်လို့ တရုတ်နိုင်ငံက ကတိပြုခဲ့တယ်လို့ တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိရဲ့ ခရီးစဉ်အပြီးမှာ စစ်ကောင်စီထိန်းချုပ်မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

ကိုးကား – South China Morning Post
Ref; China says Myanmar rebel chief in Yunnan for medical care, contrary to detention reports

#Ayeyarwaddy_Times