
ဧရာဝတီတိုင်းမ်
(ချင်း)၊ နိုဝင်ဘာ ၂၀ ရက်
ချင်းပြည်နယ်ရှိ တော်လှန်ရေးအချင်းချင်းကြားတွင် ဖြစ်ပွားသော ပဋိပက္ခသည် ချင်းပြည်နယ်ထဲတွင် အာရက္ခတပ်တော်(AA)မဝင်ရောက်လာခင်ကပင် ဖြစ်ပွားသော ပဋိပက္ခသာဖြစ်ကြောင်း မရာကာကွယ် ရေးတပ်ဖွဲ့(MDF)က ပြောကြားသည်။
အာရက္ခတပ်တော်(AA)အနေဖြင့် ချင်းတော်လှန်းအင်အားစုများစည်းလုံးသွားမည်ကို မလိုလားသလို ချင်းပြည်နယ်တွင် တော်လှန်ရေးအဖွဲ့အချင်းချင်းကြား အဓိကတိုက်ပွဲဖြစ်ပွားရခြင်းသည် AA ကြောင့်ဟု ချင်းလဲန်ကောင်စီဘက်က စွပ်စွဲလေ့ရှိကြောင်း MDFတာဝန်ခံ၏ ပြောကြားချက်အရ သိရသည်။
“AAကြောင့် ဒီလိုမျိုးချင်းပြည်နယ်ဟာ ဒီလိုမျိုးပဋိပက္ခတွေ ဖြစ်နေတာမဟုတ်ပါဘူး။ AA မဝင်လာခင် ကတည်းက ချင်းလဲန်ကောင်စီက ဆုံထောင်းသလို ထောင်းမယ်။ ခင်ဗျားတို့ လောင်ကျွမ်းသွားမယ်ဆိုပြီး ကျွန်တော်တို့ကို အမြဲတမ်းခြိမ်းခြောက်နေတာပဲ။ သူ့ဘက်မပါရင် အကုန်လုံးကို နှိမ်နင်းပစ်မယ်ဆိုတဲ့ သဘောပဲလေနော်” ဟု MDF တာဝန်ခံက ဧရာဝတီတိုင်းမ်ကို ပြောသည်။
မရာကာကွယ်ရေးတပ်ဖွဲ့ (MDF) ဘက်က မတူပီမြို့နယ်၊ မရာနယ်မြေထဲသို့ AA ဝင်ရောက်ရန် မဖိတ်ခေါ်ခင်က ချင်းလဲန်ကောင်စီတပ်ဖွဲ့ဝင်များသည် အင်အားအလုံးအရင်းဖြင့် MDF ၏ နယ်စပ် စခန်းတခုကို သိမ်းပိုက်ခဲ့ပြီး ကျေးရွာအများစုနှင့်နယ်မြေအများစုတို့ကို ချင်းလဲန်ကောင်စီက ထိန်းချုပ် လိုက်ကြောင်းသိရသည်။
မရာကာကွယ်ရေးတပ်ဖွဲ့(MDF)အနေဖြင့် တော်လှန်ရေးလုပ်နေချိန်တွင် လက်တွေ့ဆန်သော တော်လှန် ရေးကို တော်လှန်ရေးနှင့်တူအောင် လုပ်နေသည့် အဖွဲ့အစည်းကို ရှာဖွေရင်း ချင်းညီနောင်အဖွဲ့ဝင် အသီးသီးအနေဖြင့် မဟာမိတ် AA နှင့် အဆက်သွယ်ကိုယ်စီရရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
“လက်တွေ့ဆန်းစစ်ကြည့်မယ်ဆိုရင် AAအနေနဲ့ ဘယ်တုန်းကမှ CNA/CNFကို ရန်လိုပြီးမှ လုပ်နေတဲ့ အရာလည်း မတွေ့ဖူးဘူး။ AAအနေနဲ့ အရင် ချင်းညီနောင်မဖြစ်ခင်မှာပေါ့လေ။ အဲ့သလို ချင်းတွေ သွေးကွဲပါစေဆိုပြီးမှ သူ့ဘက်ကနေ ရည်ရွယ်ချက်ရှိရှိ ကျွန်တော်တို့ကို ချည်းကပ်လာတာလဲ မဟုတ်ဘူး” ဟု MDFတာဝန်ခံက ဆိုသည်။
ချင်းညီနောင်သည် အာရက္ခတပ်တော်(AA)ထံမှ အကူအညီများရရှိပြီးနောက် အတူတူလက်တွဲကာ မတူပီမြို့နှင့် ကျင်ဒွေးမြို့ကို သိမ်းပိုက်၍ လက်ရှိမင်းတပ်မြို့နှင့် ဖလမ်းမြို့တို့ကိုလည်း သိမ်းပိုက်နိုင်ရန် အတွက် အာဏာရှင်ကို အတူတကွ တိုက်ထုတ်နေခြင်းဖြစ်ကြောင်းMDFတာဝန်ခံက ပြောကြားသည်။
ပုံစာ-မတူပီမြို့သိမ်းတိုက်ပွဲတွင် မြင်တွေ့ရသော ချင်းညီနောင်တပ်ဖွဲ့ဝင်များနှင့် AA တပ်ဖွဲ့ဝင်များ။
#ချင်းပြည်နယ် #တော်လှန်ရေးတပ်ဖွဲ့အချင်းချင်း #ဖြစ်ပွားပဋိပက္ခ #AAနှင့်မဆိုင် #MDFဆို #Ayeyarwaddy_Times