
(စစ်ကောင်စီရဲ့ အရပ်သားတွေအပေါ် အကြမ်းဖက်တာ အဆုံးသတ်ဖို့နဲ့ အဓိက ဝင်ငွေရပေါက်တွေကို ပိတ်ဆို့ဖို့ ဖိအားပေးမယ်လို့ အမေရိကန် ကတိပြု)
ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၀ ရက်
ရှိယင်းစွဲ အမေရိကန်နိုင်ငံရဲ့ ကန့်သတ်ချက်တွေကို ရှောင်ရှားဖို့ အသုံးပြုနေတဲ့ မြန်မာဘဏ်တစ် ခုကို ဝါရှင်တန်အနေနဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ပြုလုပ်သင့်တယ်လို့ မြန်မာအရပ်ဘက်အဖွဲ့အစည်းတွေ က ပြောကြားပြီး စစ်ကောင်စီရဲ့ အဓိက ဝင်ငွေရပေါက်တွေကို ဖြတ်တောက်ပေးဖို့ အမေရိကန်အစိုးရကို တောင်းဆိုလိုက်ပါတယ်။
ဒေါ်လာအခြေခံ ငွေကြေးစနစ် အသုံးမပြုနိုင်အောင် နိုင်ငံပိုင် မြန်မာ့စီးပွားရေးဘဏ်ကို ဒဏ်ခတ် ပိတ်ဆို့ဖို့ ဒါဇင်နဲ့ချီတဲ့ မြန်မာအရပ်ဘက်အဖွဲ့အစည်းတွေက နိုင်ငံခြားရေးဝန်ကြီးဌာနဲ့ ဘဏ္ဍာရေးဝန်ကြီး ဌာနထံ စာရေးသားတောင်းဆိုခဲ့ပါတယ်။
“မြန်မာစစ်ကောင်စီဟာ လူသားမျိုးနွယ်စုအပေါ် ရာဇဝတ်မှုတွေ ကျူးလွန်ဖို့ ပြည်ပဘဏ်တွေ၊ လေယာဉ်ဆီထောက်ပံ့သူတွေနဲ့ လက်နက်ကုန်သည်တွေအပေါ် မှီခိုနေရပါတယ်” လို့ လက်မှတ်ရေးထိုး ရာမှာ ပါဝင်တဲ့အဖွဲ့တစ်ခုဖြစ်တဲ့ International Campaign for the Rohingya မှ အမှုဆောင်ဒါရိုက်တာ ဆိုင်မွန်ဘီလန်နက်စ်က ပြောပါတယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူတစ်ဉီးက စာကို လက်ခံရရှိခဲ့တယ်လို့ ပြောကြားခဲ့ပေမယ့် အနာဂတ်မှာ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ပြုလုပ်လာနိုင်တဲ့အပေါ် မှတ်ချက်ပေးဖို့ ငြင်း ဆန်ခဲ့ပါတယ်။
“အရပ်သားတွေအပေါ် အကြမ်းဖက်တာ အဆုံးသတ်ဖို့နဲ့ စစ်ကောင်စီရဲ့ ဝင်ငွေရပေါက်တွေကို ပိတ်ဆို့မယ့်ကြိုးပမ်းမှုတွေ ဆက်လက်ပြုလုပ်ဖို့ စစ်ကောင်စီအပေါ် ကျွန်တော်တို့ ဖိအားဆက်ပေးနေပါ တယ်” လို့ ၎င်းက ပြောပါတယ်။
အမေရိကန်နိုင်ငံရဲ့ ပြီးခဲ့တဲ့နှစ်က မြန်မာနိုင်ငံပိုင်ဘဏ်နှစ်ခုအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ကြောင့် စစ်ကောင်စီဟာ စစ်လက်နက်ဝယ်ယူဖို့နဲ့ ဒေါ်လာသန်းရာချီတဲ့ ဓာတ်ငွေ့ရောင်းရငွေတွေ လက် ခံရရှိဖို့ မြန်မာ့စီးပွားရေးဘဏ်ကို ပြောင်းသုံးလာရတယ်လို့ ကုလသမဂ္ဂ ကိုယ်စားလှယ်ရဲ့ ဇွန်လ အစီရင် ခံစာမှာ ဖော်ပြခဲ့ပါတယ်။
သမ္မတ ဂျိုးဘိုင်ဒင် အာဏာရရှိပြီး ရက်အနည်းငယ်အကြာ မြန်မာနိုင်ငံမှာ အာဏာသိမ်းမှု ဖြစ် ပွားခဲ့ပါတယ်။ အမေရိကန်အစိုးရက မြန်မာနိုင်ငံပိုင် ဒေါ်လာတစ်ဘီလီယံခန့်ကို ထိန်းချုပ်ခဲ့ပြီး စစ်ခေါင်း ဆောင်နဲ့ ၎င်းတို့အားထားတဲ့ စီးပွားရေးလုပ်ငန်းတွေအပေါ် တစ်ဖြည်းဖြည်း ဒဏ်ခတ်ပိတ်ဆို့မှုတွေ ပြု လုပ်ခဲ့ပါတယ်။
ကိုးကား – Reuters
Ref; Myanmar advocates urge US to place sanctions on bank used by junta
#Ayeyarwaddy_Times