ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁၉ ရက်

ပထမဆုံးသော ပြည်တွင်းဖြစ် တာဝေးပစ် အသံထက်မြန်သော ဒုံးကျည်တစ်စင်းကို အောင်မြင် စွာ စမ်းသပ်ပစ်လွှတ်ခဲ့တယ်လို့ အိန္ဒိယနိုင်ငံက ပြောပါတယ်။

ကစားပွဲအပြောင်းအလဲ လက်နက်တွေလို့ခေါ်ဆိုတဲ့ အသံထက်မြန်သောဒုံးကျည်ကို အမေရိကန်၊ ရုရှား၊ တရုတ်နဲ့ အခြားနိုင်ငံတွေ ထုတ်လုပ်နိုင်ဖို့ ပြိုင်ဆိုင်နေကြစဉ် အိန္ဒိယနိုင်ငံရဲ့ စမ်းသပ်ပစ်လွှတ်မှု အောင်မြင်ခဲ့တာပါ။

ပြည်တွင်းဖြစ် အသံထက်မြန်သော ဒုံးကျည်တစ်စင်းကို စနေနေ့က အိန္ဒိယနိုင်ငံအရှေ့ပိုင်း၊ ဩရိ ဿပြည်နယ်ကမ်းလွန်ရှိ ကျွန်းတစ်ကျွန်းမှ ပစ်လွှတ်ခဲ့တာဖြစ်ပါတယ်။

အဆိုပါဒုံးကျည်ဟာ ကီလိုမီတာ ၁၅၀၀ အကွာအဝေးထိ ရောက်ရှိနိုင်သော ထိပ်ဖူးအမျိုးမျိုးကို သယ်ဆောင်နိုင်တယ်လို့ အိန္ဒိယ ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

အသံထက်မြန်သော ဒုံးကျည်စမ်းသပ်မှုက သမိုင်းဝင်အခိုက်အတံ့တစ်ခုလို့ ကာကွယ်ရေးဝန်ကြီး ရာနတ်ဂျ်ဆင်းက လူမှုကွန်ရက် X မှာ ရေးသားခဲ့ပါတယ်။

အသံထက်မြန်သော ဒုံးကျည်စမ်းသပ်မှု အောင်မြင်ခြင်းကြောင့် ခေတ်မီစစ်ဘက်နည်းပညာတွေ ပိုင်ဆိုင်သော နိုင်ငံအနည်းငယ်ထဲမှာ အိန္ဒိယနိုင်ငံ ပါဝင်လာပြီလို့ သူက ဆိုပါတယ်။

အသံထက်မြန်သောဒုံးကျည်တွေဟာ ကြားဖြတ်ဟန့်တားဖို့ ခက်ခဲပါတယ်။ အဆိုပါဒုံးကျည်တွေ ဟာ အသံမြန်နှုန်းထက် ၅ ဆကျော် သွားရောက်နိုင်ပြီး လမ်းကြောင်းပြောင်းနိုင်ပါတယ်။

အိန္ဒိယနိုင်ငံရဲ့ အသံထက်မြန်သောဒုံးကျည် စမ်းသပ်ပစ်လွှတ်မှုဟာ တရုတ်နိုင်ငံကိုတန်ပြန်တဲ့ စွမ်းရည်ရှိကြောင်း ထုတ်ဖော်ပြသမှုတစ်ခုအဖြစ် ရှုမြင်နေကြပါတယ်။

ကိုးကား – NHK
Ref; India test-fires its first hypersonic missile

#Ayeyarwaddy_Times