ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁၉ ရက်

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က အမေရိကန်နိုင်ငံနဲ့ အနောက်မဟာမိတ်တွေကို ပြင်းထန်သောစကားလုံးတွေနဲ့ ဝေဖန်လိုက်ပါတယ်။

အမေရိကန်နိုင်ငံနဲ့ အနောက်မဟာမိတ်တွေဟာ တစ်ကမ္ဘာလုံးမှာ စစ်ရေးအရ စွက်ဖက်မှုတိုးချဲ့ ဖို့ ယူကရိန်းပဋိပက္ခမှာ ပါဝင်နေတာလို့ သူက စွပ်စွဲလိုက်ပါတယ်။

သောကြာနေ့က ပြုံယမ်းမြို့တော်မှာပြုလုပ်တဲ့ တပ်ရင်းမှူးတွေနဲ့ စစ်ဘက်အရာရှိတွေ တက် ရောက်တဲ့ ညီလာခံတစ်ခုမှာ ကင်ဂျုံအန်က မိန့်ခွန်းပြောခဲ့တယ်လို့ နိုင်ငံပိုင်မီဒီယာက တနင်္လာနေ့မှာ ဖော်ပြခဲ့ပါတယ်။

တိုင်းပြည်များစွာဟာ ပဋိပက္ခဖြစ်ပွားနေပြီး တတိယကမ္ဘာစစ် ဖြစ်ပွားလာနိုင်တယ်ဆိုတဲ့ စိုးရိမ် မှုတွေ မြင့်တက်နေတယ်လို့ ၎င်းက ပြောပါတယ်။

ရုရှားနိုင်ငံသို့ မြောက်ကိုရီးယားတပ်ဖွဲ့တွေ စေလွှတ်မှုကို ကင်ဂျုံအန်က ဖော်ပြခဲ့ခြင်းရှိ မရှိကို မီ ဒီယာတွေက မဖော်ပြခဲ့ပါဘူး။

မြောက်ကိုရီးယားတပ်ဖွဲ့ဝင်တွေဟာ ရုရှားစစ်တပ်နဲ့အတူ ယူကရိန်းစစ်ပွဲမှာ ပါဝင်တိုက်ခိုက်နေ တယ်လို့ သိရပါတယ်။

မြောက်ကိုရီးယားတပ်ဖွဲ့ဝင်တွေ ရုရှားနိုင်ငံသို့ စေလွှတ်မှုနဲ့ပတ်သက်လို့ ရှေ့တန်းစစ်မျက်နှာရှိ တပ်ဖွဲ့ဝင်များကြား မကျေနပ်မှု ရှိလာတာကို ကင်ဂျုံအန်က ဖုံးကွယ်ဖို့ကြိုးစားတာလို့ တောင်ကိုရီးယား နိုင်ငံပိုင်သတင်းဌာန Yonhap က ကျွမ်းကျင်သူတစ်ဉီးကို ကိုးကားပြီး ဖော်ပြပါတယ်။

ကိုးကား – NHK
Ref; Kim Jong Un blames US, Western allies for Ukraine war

#Ayeyarwaddy_Times