ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁၉ ရက်

ဧရာဝတီတိုင်းတွင် ယခု ၂၀၂၄ ခုနှစ်အတွင်း စစ်ကောင်စီတပ်၏ ချိပ်ပိတ်ခြင်းခံထားရသည့် ဒေသခံ ပြည်သူနေအိမ်စုစုပေါင်း ၂၀၀ နီးပါးရှိကြောင်း ရဲတပ်ဖွဲ့စာရင်းများအရ သိရသည်။

စစ်ကောင်စီသည် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)များနှင့် ပတ်သက်မှုရှိသည်ဟု စွပ်စွဲကာ ဒေသခံပြည်သူများကို ဖမ်းဆီးပြီး နေအိမ်များချိပ်ပိတ်သိမ်းဆည်း ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူများထံက သိရသည်။

” အခုက လုပ်ချင်သလိုလုပ်နေတာ။ သူတို့လာရင် စခန်းမှူးကအစ ဘာမှပြန်မပြောရဲတဲ့ အခြေအနေ ဖြစ်နေတာ။ သူတို့က ဖမ်းချင်တဲ့သူကိုဖမ်းပြီး စခန်းလာပို့တာ။ သူတို့ငွေညှစ်လိုမရဘူးထင်တယ်ဆို စခန်းပို့ပြီး ရတဲ့ပုဒ်မနဲ့ အမှုဖွင့်လိုက်ဆိုပြီး ခိုင်းတာ” ဟု ရဲတပ်ဖွဲ့နှင့် နီးစပ်သည့် အမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီတပ်က ဖမ်းဆီးပြီး ရဲစခန်းသို့ပို့ဆောင်ထားသည့် ဒေသခံအများစုကို ပုဒ်မ ၅၀၅ (က)၊ ၅၀၅ (ခ)စသည့်ပုဒ်မများဖြင့် အမှုဖွင့်ရပြီး စစ်ကောင်စီတပ်အတွင်း စစ်ကြောရေးပြုလုပ်ခံရသူများအား အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မများဖြင့် အမှုဖွင့်ကာ နေအိမ်ချိပ်ပိတ်မှုများပါပြုလုပ်ကြောင်း ၎င်းမှဆက်လက်ပြောဆိုသည်။

စစ်ကောင်စီတပ်က နေအိမ်ချိပ်ပိတ်မှု အများဆုံးထဲတွင် ဧရာဝတီတိုင်းအတွင်း ခရိုင် ၆ ရိုင်ထဲတွင်း ဖျာပုံ၊ မအူပင်နှင့် ဟင်္သာ တခရိုင်တို့တွင် အများဆုံးဖြစ်ကြောင်း ရဲတပ်ဖွဲ့စာရင်းများအရ သိရသည်။

ပုံစာ-စစ်ကောင်စီက ချိပ်ပိတ်ထားသည့် နေအိမ်များ
#ဧရာဝတီတိုင်း #၂၀၂၄ခုနှစ် #ဒေသခံပြည်သူ #နေအိမ်၂၀၀နီးပါး #ချိပ်ပိတ်ခံထားရ #Ayeyarwaddy_Times