ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁၉ ရက်

ယူကရိန်းစစ်ပွဲမှာ အသုံးပြုဖို့ တရုတ်နိုင်ငံက ရုရှားသို့ ဒရုန်းတွေ ထောက်ပံ့ပါက အကျိုးဆက် တွေ ရှိလာမယ်လို့ ဂျာမနီ နိုင်ငံခြားရေးဝန်ကြီး အန်နာလီနာဘေယာဘောက သတိပေးခဲ့ပြီး ဥရောပ သမဂ္ဂမှ ဝန်ကြီးတွေဟာ ဘရပ်ဆဲလ်မြို့မှာကျင်းပတဲ့ အစည်းအဝေးတစ်ခုမှာ အထောက်အထားတွေကို ပြန်လည်သုံးသပ်ခဲ့တယ်လို့ ပြောပါတယ်။

“ကျွန်မတို့ အီရန်နိုင်ငံကို ဒဏ်ခတ်ပိတ်ဆို့မှုတွေ ပြုလုပ်နေပြီး တရုတ်နိုင်ငံရဲ့ ဒရုန်းအကူအညီနဲ့ ပတ်သက်လို့ အကျိုးဆက်တွေ ရှိလာမယ်ဆိုတာကို ရှင်းရှင်းလင်းလင်း ပြောကြားခဲ့ပါတယ်” လို့ သူက ဆိုပါတယ်။

အမေရိကန်နိုင်ငံက ပြောကြားခဲ့တဲ့အတိုင်း ရုရှားကျူးကျော်စစ်မှာ အသုံးပြုနေတဲ့ ဒရုန်းထုတ် လုပ်မှုမှာ တရုတ်နိုင်ငံအခြေစိုက်ကုမ္ပဏီတွေ ပတ်သက်နေတဲ့ ထောက်လှမ်းရေးသတင်းတွေကို ဥရောပ သမဂ္ဂမှ ဝန်ကြီးတွေက ပြန်လည်သုံးသပ်ခဲ့ပါတယ်။

“တရုတ်နိုင်ငံတွင်းရှိ စက်ရုံတစ်ရုံက ထုတ်လုပ်တဲ့ဒရုန်းတွေကို ရုရှားနိုင်ငံကို ပို့ဆောင်ကာ ယူက ရိန်းစစ်ပွဲမှာ အသုံးပြုခဲ့တယ်ဆိုတဲ့ ထောက်လှမ်းရေးသတင်းတွေ ကျွန်တော်တို့ ရရှိထားပါတယ်” လို့ ဥရောပသမဂ္ဂ အကြီးတန်း တာဝန်ရှိသူတစ်ဉီးက ပြောကြားပါတယ်။

တရုတ်နဲ့ရုရှားကြား စစ်ဘက်ဆိုင်ရာပစ္စည်းတွေ တိုက်ရိုက် ပူးပေါင်းဆောင်ရွက်တဲ့ အထောက် အထား မရှိသေးဘူးလို့ ဥရောပသမဂ္ဂ တာဝန်ရှိသူတွေက ဆိုပါတယ်။

တရုတ်နိုင်ငံသို့ သတိပေးတဲ့ သတင်းစကားပါးဖို့ အရေးကြီးတယ်လို့ အီတလီ နိုင်ငံခြားရေးဝန် ကြီး အန်တိုနီယိုတာဂျာနီက ပြောပါတယ်။

ရုရှားနိုင်ငံသို့ ဒရုန်းတွေ ပေးပို့တာဟာ ကြီးမားသော အမှားအယွင်းတစ်ခု ဖြစ်လာမယ်လို့ ဒီလ အစောပိုင်းက တရုတ်နိုင်ငံသို့ သွားရောက်ခဲ့တဲ့ အန်တိုနီယိုတာဂျာနီက ဆိုပါတယ်။

တရုတ်နိုင်ငံက ယူကရိန်းစစ်ပွဲမှာ ကြားနေဝါဒ ကျင့်သုံးပေမယ့် တရုတ်ရဲ့ သံတမန်ရေးနဲ့ စီးပွား ရေး ပံ့ပိုးကူညီမှုက ရုရှားကျူးကျော်စစ်ကို တာရှည်စေတယ်လို့ အနောက်နိုင်ငံအစိုးရတွေက ပြောပါ တယ်။

ကိုးကား – AFP
Ref; German FM Warns Of ‘Consequences’ If China Drone Aid To Russia Confirmed

#Ayeyarwaddy_Times