ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁၉ ရက်

ရန်ကုန်တိုင်း၊ တာမွေမြို့နယ်၊ မေတ္တာညွန့်ရပ်ကွက်၊ မြန်မာ့ဂုဏ်ရောင် အိမ်ရာဝန်းအတွင်းရှိ မြို့ဦး ပရိယတ္တိစာသင်တိုက်တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

မြို့ဦးပရိယတ္တိစာသင်တိုက်တွင် ယမန်နေ့ နိုဝင်ဘာ ၁၈ ရက်နေ့ နံနက် ၈ နာရီ ၁၀ မိနစ်ခန့်က လက်လုပ်လက်ပစ်ဗုံးတလုံး ကျရောက်ပေါက်ကွဲခဲ့ရာ ကျောင်းထိုင်ဆရာတော်ပျံလွန်တော်မူခဲ့ကြောင်း စစ်ကောင်စီ၏ ပြန်ကြားရေးအဖွဲ့က ဖြေကြားထားသည်။

“ကထိန်ပဒေသာပင်ကနေ ပါလာပြီးပေါက်တာလို့သိရတယ်။ ကျောင်းထိုင်ဆရာ တော်ပျံလွန်တော် မူပါတယ်။ အဲဒီပဒေသာပင်က စစ် တပ်ကလာပို့တဲ့ ပဒေသာပင်လို့လည်း ပြောနေကြတယ်”ဟု တာမွေလေးနေထိုင်သူ အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ် ကိုပြောသည်။

ဗုံးပေါက်ကွဲမှုကြောင့် ရပ်ကွက်သံဃာနာယကဥက္ကဋ္ဌ‌ မြို့ဦးပရိယတ္တိစာသင်တိုက် ကျောင်းထိုင်ဆရာ တော် ဦးဉာဏဝံသ သက်တော် (၅၇) နှစ်၊ ဝါတော် ၃၇ နှစ်မှာ ပျံလွန်တော်မူခဲ့ကြောင်း သိရသည်။

“လက်လုပ်ဗုံးမှာ ဆရာတော်သီတင်းသုံးနေထိုင်တဲ့ သုံးထပ်ကျောင်း ဆောင် အောက်ထပ် ခြံစည်း ရိုးဘေး ကပ်လျက်အခန်းနားတွင် ကျရောက်ပေါက်ကွဲခဲ့တာ” ဟုစစ်ကောင်စီ၏ ပြန်ကြားရေး အဖွဲ့က စစ်တပ်လက်အောက်ခံ မီဒီယာတစ်ခုတွင် ဖြေကြားထားသည်။

အဆိုပါ ကထိန်ပဒေသာပင်ကို စစ်ကောင်စီတပ်မှ ဘုန်းကြီး ကျောင်းသို့ ပို့ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောဆိုနေသော်လည်း ဧရာ ဝတီတိုင်းမ်သတင်းဌာနအနေဖြင့် မည်သည့်အဖွဲ့အစည်းက ပြုလုပ်ခြင်းဖြစ်ကြောင်း သီးခြားအတည်ပြုနိုင်ခြင်းမရှိပေ။

အဆိုပါ ဗုံးပေါက်ကွဲမ၍နှင့်ပတ်သက်၍ တော်လှန်ရေးတပ်ဖွဲ့ဝင်များဘက်မှ ထုတ်ပြန်ချက် တစ်စုံတစ်ရာ ထုတ်ပြန်ခြင်းမရှိသလို ဖောက်ခွဲတိုက်ခိုက်မှုနှင့် ပတ်သက်၍လည်း အသိပေးကြေညာထားခြင်း မရှိပေ။

ပုံစာ-တာမွေ မြို့ဦးပရိယတ္တိစာသင်တိုက်ကျောင်းထိုင်ဆရာတော်
#ရန်ကုန် #တာမွေ #မေတ္တာညွန့် #မြို့ဦးပရိယတ္တိ #စာသင်တိုက် #ကျောင်ထိုင် #ဗုံးပေါက်ကွဲ #ပျံလွန်တော်မူ #Ayeyarwaddy_Times