ဧရာ၀တီတိုင်းမ်
နို၀င်ဘာ ၁၈ ရက်

အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုပေါ်ပေါက်ရေးအတွက် အာဏာရှင်စနစ်ကို တွန်းလှန်နေသည့် မည်သည့်အဖွဲ့အစည်းနှင့်မဆို ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း တော်လှန်ရေးအဖွဲ့ ၁၃ ဖွဲ့ ပူးပေါင်းထားသည့် လူမျိုးပေါင်းစုံဖက်ဒရယ်ဒီမိုကရေစီတပ်ပေါင်းစု (လဖဒတ)က ပြောဆိုသည်။

အမျိုးသားတန်းတူရေး၊ ကိုဘ်ပိုင်ပြဌာန်းခွင့်နှင့် ဖက်ဒရယ်ဒီမိုကရေစိပြည်ထောင်စုပေါ်ပေါက်ရေးအတွက် အားလုံးလက်တွဲချိတ်ဆက် ဆောင်ရွက်ရန် လိုအပ်နေကြောင်း လဖဒတ တပ်ပေါင်းစုက ကြေညာချက် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

“အဓိကက တိုင်းပြည်ကို မတရားအုပ်ချုပ်ဖျက်ဆီးနေတဲ့ စစ်အဦဏာရှင်စနစ် ချုပ်ငြိမ်းဖို့လိုတယ်။ တဆက်တည်းမှာ အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့် အာမခံချက်ရှိတဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ် ပေါ်််််းထွန်းဖို့ လိုအပ်တယ်။ ဒီရည်မှန်းချက်ပန်းတိုင် ၂ ခုဆီကို ချီတက်ရာမှာ ကျွန််တော်တို့ တပ်ပေါင်းစုအနေနဲ့ စစ်အာဏာရှစ်နစ်ကို ခုခံတော််််လှန်နေတဲ့ ဘယ်အဖွဲ့အစည်းနဲ့မဆို ပူးပေါင်းဆောင်ရွက်သွားမယ့်အကြောင်း သဘောထားထုတ်ပြန်တာ ဖြစ်ပါတယ်”ဟု လဖဒတ တပ်ပေါင်းစု ပြောရေးဆိုခွင့်ရှိသူ ဦးခက်အောင်က ဧရာ၀တီတိုင်းမ်ကို ပြောသည်။

လဖဒတတပ်ပေါင်းစုတွင် ကယန်းပြည်သစ်ပါတီ – KNLP၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ လွိုင်ကော် PDF၊ ဒီမောဆို PDF၊ မိုးဗြဲ PDF၊ ဧရာဝတီ ဖက်ဒရယ်အင်အားစုအပါအ၀င် စစ်အာဏာရှင်ဆန့်ကျင်လှုပ်ရှားနေသည့် တော်လှန်ရေးအဖွဲ့အစည်း ၁၃ ဖွဲ့ ပါ၀င်ကြောင်း သိရသည်။

#Ayeyarwaddy_Times #ဖက်ဒရယ်ပြည်ထောင်စု #လပဒတ