ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၁၈ ရက်

ရုရှားရဲ့ ယူကရိန်းကျူးကျော်စစ်ကို ကူညီပေးဖို့ မြောက်ကိုရီးယားနိုင်ငံက တပ်ဖွဲ့ဝင်တစ်သိန်းအ ထိ စေလွှတ်နိုင်ရာ သမ္မတ ဗလာဒီမာပူတင်ရဲ့ ယူကရိန်းမှာ တိုက်ပွဲဝင်နေတဲ့ တပ်ဖွဲ့ဝင်အင်အားကို (၂၀) ရာခိုင်နှုန်း တိုးလာစေမယ်လို့ အစီရင်ခံစာတစ်ခုအရ သိရပါတယ်။

ရုရှားနဲ့မြောက်ကိုရီးယားကြား ဆက်ဆံရေး ကောင်းမွန်တာကြောင့် ကင်ဂျုံအန်ဟာ ယူကရိန်း တပ်ဖွဲ့တွေကို တိုက်ခိုက်ဖို့ ရုရှားသို့ မြောက်ကိုရီးယားတပ်ဖွဲ့ထောင်ချီ စေလွှတ်ဖို့ ပြင်ဆင်နေတယ်လို့ G-20 နိုင်ငံတွေရဲ့ အစီရင်ခံစာတစ်ခုက ဖော်ပြပါတယ်။

၂၀၂၄ ခုနှစ်အစမှာ ခန့်မှန်းချေ တပ်ဖွဲ့ဝင်အင်အား ၄၇၀၀၀၀ ရှိနိုင်တဲ့ ရုရှားတပ်ဖွဲ့ဟာ မြောက်ကို ရီးယားတပ်ဖွဲ့ဝင်တွေကြောင့် အင်အားတိုးလာမယ်လို့ သိရပါတယ်။

မြောက်ကိုရီးယားတပ်ဖွဲ့ကြောင့် ယူကရိန်းစစ်ပွဲမှာ အထိနာနေတဲ့ ရုရှားရဲ့ အင်အားလိုအပ်ချက် ကို ဖြည့်ဆည်းပေးမှာဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလနောက်ပိုင်း ရုရှားတပ်ဖွဲ့ဝင် ၇၀၀၀၀၀ ကျ ဆုံး သို့မဟုတ် ဒဏ်ရာရရှိခဲ့တယ်လို့ အနောက်နိုင်ငံ တာဝန်ရှိသူတွေက ခန့်မှန်းထားပါတယ်။

တစ်ရက်လျင် ရုရှားတပ်ဖွဲ့ဝင် ပျမ်းမျှ ၁၅၀၀ ခန့်ကို သုတ်သင်ခဲ့ပြီး စက်တင်ဘာလအထိ ရုရှား တပ်ဖွဲ့ဝင် ၈၀၀၀၀ သေဆုံးခဲ့ပြီး ၄၀၀၀၀၀ ဒဏ်ရာရရှိခဲ့တယ်လို့ ယူကရိန်းနိုင်ငံက ပြောပါတယ်။

ရုရှားက ရှေ့တန်းစစ်မျက်နှာတစ်လျှောက် ပုံမှန် နယ်မြေသိမ်းပိုက်မှုတွေ ဆက်လက်ပြုလုပ်နေ စဉ် ခန့်မှန်းချေ တပ်ဖွဲ့ဝင်အင်အား ၃၃၀၀၀၀ ခန့်သာရှိတဲ့ ယူကရိန်းစစ်တပ်က အင်အားတည်ဆောက်ဖို့ ရုန်းကန်နေရပါတယ်။

တပ်ဖွဲ့တွေ စေလွှတ်မှုနဲ့အတူ မြောက်ကိုရီးယားနိုင်ငံဟာ စစ်ဘက်ဆိုင်ရာ သဘောတူညီချက်ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ရုရှားသို့ ထောင်နဲ့ချီတဲ့ လက်နက်ကြီးကျည်တွေနဲ့ စစ်လက်နက်တွေ ပို့ဆောင်ခဲ့ ပါတယ်။

ကိုးကား – New York Post
Ref; North Korea may supply Putin with 100,000 soldiers for Ukraine war: report

#Ayeyarwaddy_Times