ဧရာဝတီတိုင်းမ်
ဩဂုတ်လ ၁၇ ရက်

စစ်ကိုင်းတိုင်း၊ကနီမြို့နယ်အတွင်း CDMပြုလုပ်ထားတဲ့ ဆင် ၃၅ ကောင်နှင့် ဆင်ဦးစီးမိသားစု ၃၃ စု အတွက် ပြည်သူလူထုကလှူဒါန်းတဲ့ ငွေသားနဲ့ ဆန်အပါအဝင် စားကုန်တွေကို ကျောက်လုံးကြီး PDF ကသွားရောက်ပေးအပ်ခဲ့တယ်လို့ ဒီကနေ့ ထုတ်ပြန်ပါတယ်။

ဆင် ၃၅ ကောင်နဲ့ လူဦးရေ ၁၁၇ ယောက်အတွက်လှူဒါန်းထားတဲ့ ဆန် တင်း ၇၀ ကျော်၊ ငွေသား ၃၁၆၂၉၀၀ ကျပ် နဲ့ ဆီ၊ ဆား အစရှိတဲ့ စားနပ်ရိက္ခာတွေသွားရောက်ပေးအပ်ခဲ့တယ်လို့ KLG PDF ကဆိုပါတယ်။