
ဧရာဝတီတိုင်းမ်
သြဂုတ်လ ၁၇ ရက်
ပုသိမ် – ငရုတ်ကောင်း သွားတဲ့ကားလမ်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်ကျရေ ကားလမ်းပေါ်ကျော်ပြီး ခရီးသွားအလက်အခဲတွေဖြစ်ပေါ်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
တတန်ကူရွာအနီး မိုင်တိုင်အမှတ် (၁၇/၆)ကနေ မိုင်တိုင်အမှတ် (၂၆/၄)အထိ တောင်ကျရေကျော်နေတာကြောင့် ခရီးသွား ကားတွေသတိထားသွားလာနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
” တောင်ကျရေများလို့ ရေကျော်တဲ့သဘောပါ နေအိမ်တွေလည်း ရွှေ့ပြရတာတွေရှိတယ် ဒီဘက်မှာက မိုးရာသီဆို ဖြစ်လေ့ဖြစ်ထရှိပါတယ်”လို့ ငရုတ်ကောင်းမြို့ခံတဦးက ပြောပါတယ်။
ရေကျော်မှုကြောင့် စိုးရိမ်ရတဲ့ နေအိမ်တွေက မိသားစုတွေဟာ ကျေးရွာ စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်းတွေမှာ ရွှေ့ပြောင်း နေထိုင်နေရတယ်လို့ ဆိုပါတယ်။
ညနေပိုင်းမှာ ရေအနည်းငယ်ပြန်ကျသွားပေမယ့် ခရီးသွား ကားတွေသွားလာနိုင်တဲ့အနေအထားပြန်မရောက်သေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ဓာတ်ပုံ – မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့