ဧရာဝတီတ်ိုင်းမ်
ဩဂုတ် ၁၇ ရက်

စစ်က်ုင်းတိုင်း၊ ကန့်ဘလူမြို့နယ်​၊ ဇီးကုန်းမြို့တွင် ဒီကနေ့ မနက် ၆ နာရီဝန်းကျင်က လက်ဖက်ရည်ဆိုင်ထိုင်နေတဲ့ ပျူစောထီး​ခေါင်းဆောင် ညိုဝင်းနိုင်(ခ)ငရွှီးကို အမည်မသိလက်နက်ကိုင်အချို့က
သေနတ်နဲ့ ဝင်ရောက်ပစ်ခတ်သွားတယ် လို့ ဒေသခံတွေထံက သိရပါတယ်။

“ဒီ​နေ့မနက် အစောကြီးသေနတ်သံတွေကြားလိုက်ပြီး သိပ်မကြာဘူး စစ်တပ်က လူတွေရောက်လာကြတော့ အပြင်လဲထွက်မကြည့်ကြဘူး။ အနီးကပ်တေ့ပစ်တော့ ဆီးခုံကိုမှန်သွားတယ်လို့ပြောတယ်။သူနဲ့လိုက်လာတဲ့သူလဲ အပစ်ခံရသေးတယ် မြို့ပေါ်မှာလည်းအရမ်းဆိုးတဲ့သူ သေနတ်ကလဲရှ်ိနေတော့ လူတကာကိုဗိုလ်လုပ်နေတာ။ ဒါကြောင့်လဲ အသတ်ခံရတာ” လို့ ဇီးကုန်းမြို့ခံတဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

ဒါ့အပြင် ပျူစောထီးခေါင်းဆောင် ညိုဝင်းနိုင် (ခ) ငရွှီးကို နဲ့အတူပါလာသူ တဦးမှာလည်း ကျည်ထိမှန်ကာ ၎င်းတို့နှစ်ဦးကို ကန့်ဘလူ​ဆေးရုံသို့ ​ခေါ်​ဆောင်သွား​တယ် လို့ ဒေသခံတွေကဆိုပါတယ်။

ပစ်ခတ်ခံရတဲ့ ပျူစောထီးခေါင်ဆောင် ငရွှီး မှာ ဒီကနေ့သြဂုလ်လ ၁၇ ရက်နေ့ နေ့လည်ပိုင်းမှာပဲ ကန့်ဘလူဆေးရုံကြီးမှာ သွေးထွက်လွန် သေဆုံးသွားပြီး သူ့ရဲ့ရုပ်အလောင်းကို နေအိမ်ကို ပြန်သယ်လာတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ပျူစောထီးခေါင်းဆောင် ငရွှီး ပစ်ခတ်ခံရပြီး​နောက်ပိုင်း ဇီးကုန်းမြို့အတွင်း ရှာဖွေစစ်ဆေးမှုတွေ ပြုလုပ်နေပြီး စစ်ကောင်စီတပ်တွေနဲ့ပျူစောထီးပူပေါင်းအင်အား ၃၀ ကျော်နဲ့ အင်အားတိုးချဲ့ကာ မြို့လမ်းတစ်လျှောက် အစောင့်တွေချထားတယ် လို့ ဒေသခံတွေဆီက သိရပါတယ်။