ဧရာဝတီတိုင်းမ်
သြဂုတ်လ ၁၇ ရက်
ယနေ့ ထိုင်းနိုင်ငံတောင်ပိုင်းက နေရာ ၁၇ ခုမှာ ဗုံးပေါက်ကွဲမှုတွေဖြစ်လို့ လူခုနှစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
ယနေ့နံနက်အစောပိုင်းက ဗုံးပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့တာဖြစ်ပြီး ပြည်နယ်သုံးခုရှိ စတိုင်းဆိုင်တွေနဲ့ ဓာတ်ငွေ့ဖြည့်ဆိုင် တစ်ဆိုင်ကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့လို့ လူခုနှစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့နဲ့ စစ်တပ်ရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
လက်ရှိအချိန်ထိ ဘယ်အဖွဲ့ကမှ ဗုံးပေါက်ကွဲမှုတွေက သူတို့ရဲ့လက်ချက်ဆိုတာ ထုတ်ဖော်ပြောကြားတာ မရှိသေးပါဘူး။
မလေးရှားနိုင်ငံနဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ ထိုင်းတောင်ပိုင်းက မူဆလင်အများစုနေထိုင်ရာ ပတ်တာနီ၊ ယာလာ၊ နာရာသီဝပ်နဲ့ ဆောင်ခလာပြည်နယ်တွေက အဖွဲ့အချို့က လွတ်လပ်ရေးရရှိဖို့ ကြိုးပမ်းနေ တာ ဆယ်စုနှစ်ချီ ကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။
၂၀၀၄ ခုနှစ်နောက်ပိုင်း ပဋိပက္ခကြောင့် လူပေါင်း ၇၃၀၀ ကျော် သေဆုံးခဲ့တယ်လို့ ပဋိပက္ခကို စောင့် ကြည့်နေတဲ့ Deep Watch အဖွဲ့က ပြောပါတယ်။ ၂၀၁၃ ခုနှစ်က စတင်ခဲ့တဲ့ ငြိမ်းချမ်းရေး ဆွေနွေးမှုတွေက အ ကြိမ်ကြိမ် ပျက်ခဲ့ရပါတယ်။
ထိုင်းအစိုးရက ကိုဗစ်-၁၉ ကပ်ဘေးကြောင့် နှစ်နှစ်ကြာ ရပ်ဆိုင်းခဲ့တဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုကို အဓိက အဖွဲ့အစည်းဖြစ်တဲ့ Barisan Revolusi Nasional နဲ့ ဒီနှစ်အစောပိုင်းမှာ ပြန်လည်စတင်ပြီးတဲ့နောက် တိုက်ခိုက်မှု တွေ ဖြစ်ခဲ့တာပါ။
နောက်ဆုံးအကြိမ် ငြိမ်းချမ်းရေးဆွေးနွေးမှုမှာ ဘေးဖယ်ခံခဲ့ရတဲ့ ပတာနီလွတ်မြောက်ရေးအဖွဲ့အစည်း (PULO) က ရာမာဒန်ဥပုသ်လအတွင်း ဗုံးခွဲမှုတွေလုပ်ဆောင်ခဲ့ပြီး ဆွေးနွေးမှုက သက်ဆိုင်သူအားလုံး မပါဘူးလို့ ပြောပါတယ်။
ထိုင်းအစိုးရကတော့ အဖွဲ့အားလုံးနဲ့ တွေ့ဆုံဖို့အသင့်ပဲလို့ ပြောပါတယ်။ ဒီနေ့ဗုံးခွဲမှုတွေက သူတို့လက် ချက်မဟုတ်ဖူးလို့ PULO ခေါင်းဆောင် ကတ်စ်တူရီမာခိုတာက ပြောပါတယ်။
ကိုးကား – CNN
Ref; Multiple bomb and arson attacks rock southern Thailand