တပ်ကြပ်ကြီး အောင်မိုး ဓားနဲ့ထိုးခဲ့လို့ သေဆုံးခဲ့သူ တပ်သား စွဲမက်အောင်

ဟိန်းစံ/ဧရာဝတီတိုင်းမ်
(အောင်လံ)၊ သြဂုတ်လ ၁၇ ရက်

မကွေးတိုင်း၊ အောင်လံမြို့နယ်၊ ရွာမထုံးကျေးရွာအခြေ စိုက် အမှတ် ၁၅ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ ၁၅) တပ်မှာ ဧပြီလ ၁၃ ရက်က စစ်ကောင်စီတပ်သားအချင်း ချင်းရန်ဖြစ်ပြီး ဓားနဲ့ထိုးသတ်ခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် တပ်ကြပ်ကြီး အောင်မိုး ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခံရတယ်လို့ တပ်တွင်းသတင်းရင်းမြစ်တွေကပြောပါတယ်။

တပ်ကြပ်ကြီး အောင်မိုးဟာ သင်္ကြန်အကြိုနေ့မနက်ပိုင်းမှာ သောက်စားမူးရူးပြီး မဏ္ဍပ်ရှေ့ ကခုန်ရာကနေ တတပ်တည်းနေ တပ်သား စွဲမက်အောင်နဲ့ စကားများရန်ဖြစ်ပြီး ဓားနဲ့ထိုးခဲ့လို့ တပ်သား စွဲမက်အောင် ဓားဒဏ်ရာနဲ့ဆေးရုံပို့ဆောင်စဥ်သေဆုံးသွားခဲ့တာပါ။

အဲ့ဒီလိုသေဆုံးခဲ့လို့ ကပစ ၁၅ စစ်တပ်အကြီးတန်းအရာ ရှိတွေက တပ်ကြပ်ကြီး အောင်မိုးကို အကျဥ်းစစ်တရား ရုံးနဲ့ ခုံရုံးဖွဲ့စစ်ဆေးခဲ့ပြီး ၄ လအကြာ သြဂုတ်လ ဒုတိယအပတ်အတွင်း ထောင် ၁၀ နှစ်ခဲ့တာဖြစ်ပါတယ်။

” လူသတ်မှုဖြစ်သွားတော့ စစ်ခုံရုံးဖွဲ့ပြီး အကျဥ်းနည်းနဲ့စစ်ပြီး ထောင် ၁၀ နှစ်ချလိုက်တာ။ သူ့မှာ မိန်းမနဲ့ကလေး ၁ ယောက်ရှိတယ်။ သရက်ထောင်ကိုစနေနေ့က ပို့လိုက်တယ်” လို့ ကပစ ၁၅ တပ်တွင်း သတင်းရင်းမြစ်တဦးက ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။

ကပစ ၁၅ တပ်ဟာ အောင်လံမြို့မှာ မြို့နယ်စစ်ကောင်စီ အဖြစ်ဆောင်ရွက်နေတဲ့စစ်ကောင်စီတပ်ဖြစ်ပြီး ဒေသတွင်းရွာတွေကိုစစ်ကြောင်းထိုးပြီး ဖမ်းဆီးသတ်ဖြတ်တာတွေလုပ်ဆောင်နေတဲ့တပ်ရင်းတခုဖြစ်တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။