
ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁၆ ရက်
ထိုင်းနိုင်ငံတောင်ပိုင်းက ကျွန်းတစ်ကျွန်းပေါ်မှာ မြန်မာနိုင်ငံမှ ရိုဟင်ဂျာတွေလို့ ယူဆရတဲ့ က လေးငယ် ၃၀ အပါအဝင် တရားမဝင် ရွှေ့ပြောင်းသွားလာသူ ၇၀ ကို ဖမ်းဆီးမိခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ ရိုဟင်ဂျာမူဆလင်တွေကို တောင်အာရှဒေသမှလာရောက်တဲ့ ပြည်နိုင်ငံသားတွေ အဖြစ် သတ်မှတ်ပြီး နိုင်ငံသားဖြစ်ခွင့် ငြင်းဆန်ထားပါတယ်။
“ကနဦး မေးမြန်းချက်အရ သူတို့ဟာ မလေးရှား သို့မဟုတ် အင်ဒိုနီးရှားနိုင်ငံကို သွားရောက်နေ တဲ့ မြန်မာနိုင်ငံမှ မူဆလင်တွေလို့ ပြောပါတယ်” လို့ ဖောင်ငါပြည်နယ်ရဲတပ်ဖွဲ့မှူးက ပြောပါတယ်။
ပင်လယ်ရေပြင်ငြိမ်သက်တဲ့ အောက်တိုဘာလမှ ဧပြီလအတွင်း ရိုဟင်ဂျာတွေဟာ အိမ်နီးချင်း တိုင်းပြည်တွေဖြစ်တဲ့ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်နဲ့ မူဆလင်အများစုနေထိုင်ရာ မလေးရှားနဲ့ အင်ဒိုနီးရှားနိုင်ငံ တွေကို အန္တရာယ်များတဲ့ သစ်သားလှေတွေနဲ့ သွားရောက်ဖို့ ကြိုးပမ်းခဲ့တာ နှစ်ချီကြာမြင့်ပြီဖြစ်ပါတယ်။
“ထိုင်းနိုင်ငံထဲကို တရားမဝင် ဝင်ရောက်လာခဲ့သူတွေဟာ မြန်မာနိုင်ငံမှ ရိုဟင်ဂျာတွေ ဟုတ် မ ဟုတ် ကျွန်တော်တို့ အတည်မပြုနိုင်သေးပါဘူး။ အာဏာပိုင်တွေက စုံစမ်းစစ်ဆေးနေဆဲဖြစ်ပါတယ်” လို့ ဖောင်ငါပြည်နယ်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။
အောက်တိုဘာလအတွင်းကလည်း ရာနဲ့ချီတဲ့ ရိုဟင်ဂျာတွေကို သယ်ဆောင်လာတဲ့ လှေတွေ အင်ဒိုနီးရှားနိုင်ငံမှာ ဆိုက်ကပ်ခဲ့ပါတယ်။
ကိုးကား – Reuters
Ref; Thailand detains 70 illegal migrants believed to be Rohingya from Myanmar
#Ayeyarwaddy_Times