ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁၆ ရက်

ထိုင်ဝမ်ကို လက်နက်တပ်ဆင်ပေးနေတာ ရပ်တန့်ဖို့နဲ့ ထိုင်ဝမ်ရေလက်ကြား ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုကို ထိခိုက်စေတဲ့ အန္တရာယ်ရှိသောလုပ်ရပ်တွေ ရပ်တန့်ဖို့ တရုတ်၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြောရေးဆိုခွင့်ရှိသူက အမေရိကန်နိုင်ငံကို သောကြာနေ့မှာ တိုက်တွန်းခဲ့ပါတယ်။

အမေရိကန်နိုင်ငံက ထိုင်ဝမ်သို့ HIMARS ဒုံးကျည်တွေ ပေးပို့ခဲ့သလို အဆိုပါဒုံးခွင်းစနစ် ကိုင် တွယ်မယ့်တပ်ဖွဲ့တွေကို လေ့ကျင့်ပေးမယ့် အစီအစဉ်ကို လက်တုံ့ပြန်မှုအဖြစ် တရုတ် ကာကွယ်ရေးဝန် ကြီးဌာန၊ ပြောရေးဆိုခွင့်ရှိသူ ကျန်ကျားဂန်က သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောကြားခဲ့တာပါ။

ထိုင်ဝမ်ပြည်သူတွေရဲ့ အကျိုးစီးပွား ရောင်းချမှုနဲ့ ထိုင်ဝမ်လွတ်လပ်ရေးအတွက် ပြည်ပထောက် ခံမှုရရှိအောင် ကြိုးပမ်းတဲ့ DPP ပါတီမှ တာဝန်ရှိသူတွေကို ကျန်ကျားဂန်က အပြစ်ဖို့ခဲ့ပါတယ်။

“အခုလိုမျိုး အပြုအမူတွေဟာ ထိုင်ဝမ်ကို စစ်ဖြစ်ပွားအောင်သာ တွန်းပို့စေမှာဖြစ်ပါတယ်” လို့ သူက ထောက်ပြပါတယ်။

ထိုင်ဝမ်လွတ်လပ်ရေး ကြိုးပမ်းမှုတွေနဲ့ ပြည်ပအင်အားစုတွေရဲ့ ကြားဝင်စွက်ဖက်မှုကို ခိုင်မာစွာ ဟန့်တားဖို့ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်က တိုက်ပွဲဝင်နိုင်ရေး အသင့်ဖြစ်အောင် လုပ် ဆောင်မယ်လို့ ၎င်းက ဆိုပါတယ်။

ထိုင်ဝမ်ဟာ တရုတ်ပြည်မကြီးရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တာကြောင့် ထိုင်ဝမ်အရေးမှာ ပြည်ပ တိုင်းပြည်တွေ မစွက်ဖက်ဖို့လည်း သူက သတိပေးလိုက်ပါတယ်။

ကိုးကား – Xinhua
Ref; Chinese defense ministry urges U.S. to stop arming Taiwan

#Ayeyarwaddy_Times