
ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁၆ ရက်
နိုဝင်ဘာလ ၁၅ ရက်က အိန္ဒိယနိုင်ငံရှိ ဆေးရုံတစ်ရုံမှာ အောက်ဆီဂျင်စက် ပျက်ယွင်းမှုကြောင့် မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့ရာ မွေးကင်းစကလေး (၁၀) ဦး သေဆုံးခဲ့ပြီး (၁၆) ဦး အသက်အန္တရာယ် စိုး ရိမ်ရတယ်လို့ သိရပါတယ်။
အရည်အသွေးမပြည့်မီတဲ့ တည်ဆောက်မှုနဲ့ ဘေးကင်းလုံခြုံရေး သတ်မှတ်ချက်တွေကို မလိုက် နာမှုကြောင့် အိန္ဒိယနိုင်ငံမှာ အဆောက်အအုံ မီးလောင်မှုတွေ မကြာခဏဆိုသလို ဖြစ်ပွားလေ့ရှိပါတယ်။
နယူးဒေလီမြို့တော်ရဲ့တောင်ဘက် ကီလိုမီတာ ၄၅၀ ဝန်းကျင်အကွာ ဂျန်စီမြို့ရှိ မဟာရာနီ လက်ချ်မီးဘိုင် ဆေးကောလိပ်မှာ နိုဝင်ဘာလ ၁၅ ရက် ဒေသစံတော်ချိန် ည ၁၀ နာရီ ၃၀ မိနစ်မှာ မီး လောင်မှု ဖြစ်ပွားခဲ့တာပါ။
“မွေးကင်းစကလေး (၁၀) ဦး သေဆုံးခဲ့ပါတယ်။ အလောင်း (၇) လောင်းကို ဘယ်သူဘယ်ဝါဆို တာ ဖော်ထုတ်ပြီးဖြစ်ပေမယ့် (၃) လောင်းကိုတော့ မဖော်ထုတ်ရသေးပါဘူး” လို့ ဉတာပရာဒက်ရှ်ပြည် နယ် ဒုတိယဝန်ကြီးချုပ် ဘရာဂျက်ပါသတ်ခ်က သတင်းထောက်တွေကို ပြောပါတယ်။
မီးလောင်မှုဖြစ်ပွားပြီးနောက် မွေးကင်းစကလေး (၁၆) ဉီးမှာ အရေးပေါ်အခြေအနေဖြစ်တယ်လို့ ဒေသန္တရသတင်းဌာန Times Now က ဖော်ပြခဲ့ပါတယ်။
“မီးလောင်မှုဖြစ်ပွားရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးမှာဖြစ်ပါတယ်။ မီးလောင်မှုမှာ တာဝန် ရှိတဲ့သူတွေကို ပြင်းထန်စွာ အရေးယူမှာဖြစ်ပါတယ်” လို့ ဘရာဂျက်ပါသတ်ခ်က ဆိုပါတယ်။
ဆေးရုံမီးလောင်မှုကြောင့် မွေးကင်းစကလေးတွေ သေဆုံးရတာ စိတ်နှလုံးမချမ်းမြေ့ဖွယ်ရာ ဖြစ် စဉ်လို့ အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာမိုဒီက လူမှုကွန်ရက် X မှာ ရေးသားခဲ့ပါတယ်။
ကလေးငယ်တွေရဲ့ ကျန်ရစ်သူမိသားစုဝင်တွေကို အမေရိကန်ဒေါ်လာ ၇၉၆၀ နဲ့ညီမျှတဲ့ ရူပီး ၅၀၀၀၀၀ လျော်ကြေးပေးမယ်လို့ ဉတာပရာဒက်ရှ် ပြည်နယ်ဝန်ကြီးချုပ် ယိုဂီအဒက်ယာနက်က ကြေ ညာခဲ့ပါတယ်။
ကိုးကား – AFP
Ref; 10 newborns killed, 16 critical in India hospital fire
#Ayeyarwaddy_Times