ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁၅ ရက်

ပဲခူးတိုင်း၊ ပြည်မြို့ရှိ ရွှေဆံတော်ဘုရားပွဲတွင် အပျော်စီးပင်လယ်ဓားပြလှေ တက်သည့်လှေကားစင် ပြိုကျပြီး လူထိခိုက်ဒဏ်ရာရရှိမှုများပြားကြောင်း မြို့ခံများထံက သိရသည်။

ရွှေဆံတော်ဘုရားပွဲတွင် ယမန်နေ့ နိုဝင်ဘာ ၁၄ ရက်နေ့ ည ၇ နာရီခန့်က အပျော်စီးပင်လယ် ဓားပြလှေ ကို တိုးဝှေ့တက်ကြရာမှ လှေကားသံငြမ်းစင် ပြိုကျခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

“လူတွေက တိုးဝှေ့ပြီး အတင်းတက်ကြတာ။ စင်က လူများပြီး ပြိုကျတာ။ လူအုပ်ကြီးပြိုကျတော့ လူပိပြီး ဒဏ်ရာရတဲ့သူတွေ များတယ်။ သေတာမရှိဘူး”ဟု ပြည်မြို့ ဒေသခံတဦးက ဧရာဝတီတိုင်းမ်ကို ပြော သည်။

ပြည်ရွှေဆံတော်ဘုရားပွဲကို နိုဝင်ဘာ ၁၀ ရက်နေ့မှ စတင်ခြင်းဖြစ်ပြီး နိုဝင်ဘာ ၁၇ ရက်နေ့အထိကျင်းပ မည်ဖြစ်ကြောင်း သိရသည်။

ပုံစာ-ရွှေဆံတော်ဘုရားပွဲတွင် အပျော်စီးပင်လယ်ဓားပြလှေ တက်သည့်လှေကားစင် ပြိုကျသွားသည့် မြင်ကွင်း

#ပဲခူး #ပြည် #ရွှေဆံတော်ဘုရားပွဲ #အပျော်စီး #ပင်လယ်ဓားပြလှေ #လှေကားစင်ပြိုကျ #Ayeyarwaddy_Times