ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁၅ ရက်

ရုရှားနိုင်ငံနဲ့ပတ်သက်တဲ့ မူဝါဒကိုအခြေခံပြီး ဒေါ်နယ်ထရမ့်အစိုးရအဖွဲ့နဲ့ ထိတွေ့ဆက်ဆံမယ် လို့ ရုရှား နိုင်ငံခြားရေးဝန်ကြီး ဆာဂျီလာရော့ဗ်က အရိပ်အမြွက်ထုတ်ဖော်ပြောပါတယ်။

ကြာသပတေးနေ့က ရုရှားနိုင်ငံပိုင်ရုပ်သံဌာနက ထုတ်လွှင့်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာ ဆာဂျီလာ ရော့ဗ်က အခုလို ပြောကြားခဲ့တာပါ။

ဒေါ်နယ်ထရမ့်အစိုးရအဖွဲ့မှာ စွန့်ဉီးလုပ်ငန်းရှင် အီလွန်မတ်စ်ရဲ့အခန်းကဏ္ဍက အတွေးအခေါ် သစ် ဖြစ်လာစေနိုင်မလားဆိုတဲ့ မေးမြန်းမှုကို “ရုရှားနိုင်ငံက အနာဂတ်ကို ကြိုတင်ခန့်မှန်းတာ ရှောင် ကြဉ်မယ်” လို့ ၎င်းက ပြောပါတယ်။

ယူကရိန်းစစ်ပွဲကို (၂၄) နာရီအတွင်း အဆုံးသတ်နိုင်တယ်ဆိုတဲ့ ဒေါ်နယ်ထရမ့်ရဲ့ ပြောကြားချက် နဲ့ပတ်သက်လို့ ဘာကိုမှ အလေးပေးမပြောလိုကြောင်း၊ အမေရိကန်အစိုးရရဲ့လုပ်ရပ်က ရုရှားနိုင်ငံကို ယှဉ်ပြိုင်ဘက်တစ်ဉီးအဖြစ် ဖိနှိပ်ဖို့ရည်ရွယ်တယ်လို့ သူက ဆိုပါတယ်။

ဒေါ်နယ်ထရမ့်နဲ့တွေ့ဆုံဖို့ အသင့်ရှိတယ်ဆိုတဲ့ ရုရှားသမ္မတ ဗလာဒီမာပူတင်ရဲ့ ပြောကြားချက်နဲ့ ပတ်သက်လို့ အမေရိကန်ရဲ့ဆုံးဖြတ်ချက်အပေါ် မူတည်တယ်လို့ ဆာဂျီလာရော့ဗ်က ပြောပါတယ်။

အမေရိကန် သမ္မတရွေးကောက်ပွဲမှာ ဒေါ်နယ်ထရမ့် အနိုင်ရရှိပြီးနောက် ပူတင်က ပြီးခဲ့တဲ့အ ပတ်က ဆိုချီမြို့မှာပြုလုပ်တဲ့ နိုင်ငံတကာညီလာခံတစ်ခုမှာ ပြောကြားခဲ့တာပါ။

ရွေးကောက်ပွဲအပြီး နိုဝင်ဘာလ ၇ ရက်မှာ ထရမ့်နဲ့ပူတင် ဖုန်းမှတစ်ဆင့် စကားပြောဆိုခဲ့တယ် လို့ The Washington Post သတင်းစာက တနင်္ဂနွေနေ့မှာ ဖော်ပြခဲ့ပေမယ့် သတင်းမှားလို့ ရုရှားသမ္မတ ရုံးက ငြင်းဆန်ခဲ့ပါတယ်။

ကိုးကား – NHK
Ref; Lavrov: Russia to judge incoming Trump administration by its policy

#Ayeyarwaddy_Times