
ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁၅ ရက်
စစ်ကိုင်းတိုင်း၊ ပုလဲမြို့ စစ်ကောင်စီ၏ လေကြောင်း တိုက် ခိုက်ခံရမှုကြောင့် ဒေသခံအရပ်သား လေး ဦးသေဆုံးခဲ့ကြောင်း ဆုံးခဲ့ကြောင်း စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်၏ ပြန်ကြားရေးတာဝန်ရှိသူထံက သိရသည်။
ပုလဲမြို့ပေါ်တွင် ပြီးခဲ့သည့် နိုဝင်ဘာ ၁၁ ရက်နေ့မှစတင်ပြီး တော်လှန်ရေးတပ်များနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲ စတင်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုကြောင့် ကျေးရွာ ၂၁ ရွာမှ ဒေသခံနှစ်သောင်းကျော်အထိ စစ်ဘေးရှောင်နေရကြောင်း သိရသည်။
“ပုလဲကို လေးရက်အတွင်းအကြိမ် ၂၀ ကျော် တိုက်ခိုက်ရေးရဟတ်ယာဉ်အစုံနဲ့ လာဗုံးကြဲတာ။ လေး ဦးသေ တယ်။ ကျေးရွာ ၂၀ ကျော်လည်း စစ်ရှောင်နေရတယ်။ မနေ့ကတော့ တော်လှန်ရေးတပ်တွေပြန်ဆုတ်သွားတယ်”ဟု ဒေသတော်လှန် ရေးရဲဘော်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ပုလဲမြို့နယ်ကို စစ်ကောင်စီတပ်မှ လေးရက်အတွင်း MI 35 ဖြင့် ၅ ကြိမ်၊ ဂျက်ဖိုက်တာဖြင့် ၁၈ ကြိမ် စုစု ပေါင်း ၂၃ ကြိမ် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
တော်လှန်ရေးတပ်ဖွဲ့များအနေဖြင့် ပုလဲမြို့တစ်မြို့လုံး နီးပါးထိန်းချုပ်နိုင်ခဲ့သော်လည်း စစ်ကောင်စီတပ်မှ စစ်ကူနှင့်လေကြောင်းတိုက်ခိုက်မှုများကြောင့် ယမန်နေ့ နိုဝင်ဘာ ၁၄ ရက်နေ့က ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း သိရသည်။
“MI 17 နဲ့ လေးခါလာပြီးစစ်ကူချသွားတာ ၁၀၀ နီးပါးလောက်ရှိတယ်။ မြို့ကိုစွန့်ပြီးပြန်ဆုတ်ခဲ့ရတယ်”ဟု စစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီ၏ လေ ကြောင်း ပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သားသေဆုံးမှုများ ရှိသလို တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့လည်း ထိခိုက် ကျဆုံးမှုများရှိကြောင်း သိရသည်။
တော်လှန်ရေးတပ်ဖွဲ့များသည် စစ်ကောင်စီဘက်မှ ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းအချို့ကို ခေါ်ဆောင်၍ မြို့မှပြန်လည်ဆုတ်ခွာပေးခဲ့ကြောင်း သိရသည်။
ပုံစာ – ပုလဲမြို့သိမ်းတိုက်ပွဲမှ ကျဆုံးတော်လှန်ရေးတပ်ဖွဲ့ ဝင်တစ်ဦး
#စစ်ကိုင်း #ပုလဲတိုက်ပွဲ #ဒေသခံသေဆုံး #၂၀၀၀၀ကျော်စစ်ရှောင် #မြို့သိမ်းတိုက်ပွဲ #မအောင်မြင် #Ayeyarwaddy_Times