ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁၄ ရက်

ရခိုင်တွင် တိုက်ပွဲများ ပြင်းထန်နေချိန်တွင် နယ်စပ်ချင်းထိစပ်နေသည့် ဧရာ၀တီတိုင်းအတွင်းရှိ မြို့နယ်များတွင် တန်ဆောင်တိုင်ပွဲတော်ကို လူစည်ကားအောင်ပြုလုပ်ရန် တိုင်းစစ်ကောင်စီက အစည်းအဝေးပြုလုပ်ကာ ညွှန်ကြားထားကြောင်း သတင်းရရှိသည်။

မြို့နယ်များတွင် ပဒေသာပင်များလှည့်လည်ခြင်း၊ စတုဒီသာကျွေးခြင်း၊ နိဗ္ဗန်ဈေးများ ဖွင့်ခြင်း၊ စေတီများတွင်ဆီမီး ၅၀၀၀ထွန်းခြင်းများ ဆက်တိုက်ပြုလုပ်ကြရန်နှင့် တိုင်းမြို့တော်ပုသိမ်မြို့တွင်လည်း င၀န်မြစ်တွင်း မီးမျောပွဲနှင့် မီးရူးမီးပန်းများပစ်ဖောက်ခြင်းကိုယခင်နှစ်များထက်ပိုသာအောင် ပြုလုပ်ရန် ဌာနဆိုင်ရာများကို ညွန်ကြားထားကြောင်းသိရသည်။

“ဧရာ၀တီ၀န်ကြီးချုပ်က မင်းအောင်လိူင် ကြိုက်အောင် လုပ်ပြနေတာ ဟိုကသူ့ကိုချိီးကျူးထားတာရော၊ နိင်ငံခြားခရီးစဥ်ခေါ်သွားထားတော့ သူများတိုင်းထက်သာအောင် လုပ်ပြခြင်နေတာ”ဟုထွေအုပ်၀န်ထမ်းတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကို ပြောသည်။

လက်ရှိတွင် ဧရာ၀တီတိုင်းနှင့်ထိစပ်နေသော ရခိုင်ပြည်နယ်တွင် ရခိုင့်တပ်တော်AAနှင့်စစ်ကောင်စီကြား တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေပြီး တိုင်းအတွင်းသို့ စစ်ဘေးရှောင်ပြည်သူများဆက်တိုက်၀င်ရောက်နေကြောင်း သိရသည်။

“ပုသိမ်၊ရေကြည်၊ ငါးသိုင်းချောင်းနဲ့ရွှေသောင်ယံ၊ သာပေါင်း ဘက်တွေမှာတော့ ရခိုင်စစ်ဘေးရှောင်တွေနဲ့ပြည့်နေတာပဲ။ တစ်ချို့ဆို ဘုန်းကြီးကျောင်းတွေကတာ၀န်ယူကျွေးနေရတယ်။ တစ်ချို့ ပြည်သူတွေ က တိုက်ပွဲတွေကိုလန့်နေပေမယ့် အများစုကတော့ ကထိန်ပွဲတွေမှာပျော်နေကြတာပဲ”ဟု ပုသိမ်မြို့ခံတစ်ဦးမှ ဧရာ၀တီတိုင်မ်းကို ပြောသည်။

တိုင်းစစ်ကောင်စီ၏ တန်ဆောင်တိုင်ပွဲတော်စည်ကားရန်ညွန်ကြားချက် အရမြို့နယ်များတွင် အုပ်ချုပ်ရေးအဖွဲ့၊စည်ပင်၊ရဲ များမှ လုပ်ငန်းရှင်များ၊အရက်ဆိုင်၊ KTVနှင့် လောင်းကစားဒိုင်များမှ အလှူငွေများလိုက်လံကောက်ခံနေကြောင်း သိရသည်။

#ရခိုင် #တိုက်ပွဲ #ပြင်းထန်နေသော်လည်း #ဧရာဝတီတိုင်း #တန်ဆောင်တိုင် #စည်ကားစွာ #ပြုလုပ်ရန်ညွှန်ကြား
#Ayeyarwaddy_Times