ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁၄ ရက်

ယူကရိန်းနယ်စပ်မှာ ရုရှားတပ်ဖွဲ့တွေနဲ့အတူ တိုက်ပွဲဝင်နေတဲ့ မြောက်ကိုရီးယားတပ်ဖွဲ့တွေ ဖြန့် ကြက်မှုကို ပြတ်သားစွာ တုံ့ပြန်မယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က ဗုဒ္ဓဟူး နေ့မှာ သတိပေးခဲ့ပါတယ်။

ဒေါ်နယ်ထရမ့်ထံ အာဏာလွှဲမပေးမီ ယူကရိန်းသို့ အကူအညီပေးမှု တိုးမြှင့်ပေးမှု အရေးတကြီး ဖြေရှင်းဖို့ အန်တိုနီဘလင်ကန်က ဘရပ်ဆဲလ်မြို့မှာ နေတိုး၊ ဥရောပသမဂ္ဂ တာဝန်ရှိသူတွေနဲ့တွေ့ဆုံစဉ် အခုလို ပြောကြားခဲ့တာပါ။

မြောက်ကိုရီးယားတပ်ဖွဲ့တွေကို တိုက်ပွဲမှာ အသုံးပြုမှုနဲ့ပတ်သက်လို့ ပြတ်သားစွာ လက်တုံ့ပြန် မယ်လို့ နေတိုးအဖွဲ့ အကြီးအကဲ မတ်ခ်ရုတေးနဲ့ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ၎င်းက သတင်း ထောက်တွေကို ပြောပါတယ်။

ရုရှားနိုင်ငံရောက် ထောင်ချီတဲ့ ရုရှားတပ်ဖွဲ့ဝင်တွေဟာ ယူကရိန်းနယ်စပ်အနီး ကာတ်စ်ဒေသမှာ ရုရှားတပ်ဖွဲ့တွေနဲ့အတူ တိုက်ပွဲဝင်နေတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက အင်္ဂါနေ့မှာ အ တည်ပြုခဲ့ပါတယ်။

မြောက်ကိုရီးယားတပ်ဖွဲ့တွေ ရုရှားတပ်ဖွဲ့နဲ့အတူ ယူကရိန်းစစ်ပွဲမှာ တိုက်ပွဲဝင်နေတာ အလွန် အန္တရာယ်များတယ်လို့ သူက ဆိုပါတယ်။

ရုရှားကျူးကျော်စစ်မှာ တရုတ်နိုင်ငံရဲ့ကူညီမှုက အရေးပါတဲ့အခန်းကဏ္ဍမှ ပါဝင်နေပြီး အီရန်နိုင် ငံက စစ်လက်နက်တေွ ပံ့ပိုးပေးနေတာ အရှေ့အလယ်ပိုင်းဒေသကို မတည်မငြိမ်ဖြစ်စေတယ်လို့ မတ်ခ်ရု တေးက ပြောပါတယ်။

အန်တိုနီဘလင်ကန်ဟာ ယူကရိန်း နိုင်ငံခြားရေးဝန်ကြီး အန်ဒရေဆိုင်ဘီဂါ၊ ဉရောပသမဂ္ဂ ထိပ် တန်းသံတမန် ဂျိုးဇက်ဘော်ရယ်လ်တို့နဲ့ မတွေ့ဆုံမီ နေတိုးအဖွဲ့နဲ့ အစည်းအဝေးတစ်ရပ် ပြုလုပ်ခဲ့ပါ တယ်။

ဂျာမနီနိုင်ငံမှာ နိုင်ငံရေးအကျပ်အတည်းကြောင့် ရုရှားကျူးကျော်စစ်ကို တိုက်ခိုက်ရာမှာ ယူက ရိန်းနိုင်ငံအတွက် အရေးကြီးနေချိန်မှာ အနာဂတ် အကူအညီပေးရေးနဲ့ပတ်သက်လို့ မသေချာမှုတွေဖြစ် ပေါ်နေစဉ် သူက ယခုခရီးစဉ်ကို အရေးပေါ် ပြုလုပ်ခဲ့တာပါ။

ကိုးကား – AFP
Ref; US vows ‘firm’ response to N.Korea deployment in Ukraine conflict

#Ayeyarwaddy_Times