ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁၄ ရက်

ရှမ်းမြောက်၊ နောင်ချိုမြို၊ တောင်ခမ်းရွာရှိ စစ်ကောင် စီအမြောက်တပ် ၃၅၄ တပ်စခန်းနေရာတွင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဖြစ်ပွားလျက်ရှိသည်။

ယမန်နေ့ နိုဝင်ဘာ ၁၃ ရက် နံနက် ၉ နာရီ မိနစ်၄၀ အချိန်တွင် နောင်ချိုမြို တောင်ခမ်းရွာရှိ ဘုန်းကြီး ကျောင်းနေရာနှင့် နေ့လယ် ၁၁ နာရီအချိန်တွင် စစ်ကောင်စီ အမတ ၃၅၄ တပ်စခန်းတို့တွင် တိုက်ပွဲနှစ်နေရာ ဖြစ်ပွားခဲ့ကြောင်း TNLA က ထုတ်ပြန်ထား သည်။

တိုက်ပွဲဖြစ်ပွားလျက်ရှိသော နောင်ချိုမြို့ ၊ မကျီးရေရွာကို စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် တစ်ကြိမ် ဗုံးတစ်လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထို့အပြင် ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြိုနယ် ကျောက်ဂူမှ နောင်ချိုမြိုနယ်အတွင်းသို့ စစ်အင်အားပြန်လည်ဖြည့်တင်းရန် ကြိုးပမ်းနေသည့် စစ်ကောင်စီတပ်က ထိုးစစ်ဆင်လာ၍ နှစ်ဖက်ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း TNLA ကထုတ်ပြန်ထားသည်။

ဓာတ်ပုံ-TNLA
#ရှမ်းမြောက် #နောင်ချို #စစ်ကောင်စီ #TNLA #၁၀၂၇စစ်ဆင်ရေး #ဒုတိယပိုင်း #တိုက်ပွဲပြင်းထန် #Ayeyarwaddy_Times