ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁၄ ရက်

အင်ဒိုနီးရှားသမ္မတ ပရာဘိုဝိုဆူဘီယန်တိုနဲ့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်တို့က မြန်မာနိုင်ငံမှာ အရပ်သားတွေအပေါ် အကြမ်းဖက်မှုတွေ ကျူးလွန်နေတာကို အပြင်းအထန် ရှုတ်ချလိုက်ပါတယ်။

“မြန်မာနိုင်ငံမှာ အရပ်သားတွေအပေါ် အကြမ်းဖက်မှုတွေ ကျူးလွန်နေတာကို ချက်ချင်း ရပ်စဲဖို့ ခေါင်းဆောင်နှစ်ဉီးက တောင်းဆိုခဲ့ပါတယ်” လို့ နိုဝင်ဘာလ ၁၂ ရက်က ဝါရှင်တန်မြို့တော်မှာ ပရာဘိုဝို နဲ့ ဂျိုးဘိုင်ဒင်ကြား တွေ့ဆုံပြီးနောက် အိမ်ဖြူတော်က ထုတ်ပြန်ခဲ့တဲ့ ပူးတွဲကြေညာချက်က ဖော်ပြပါ တယ်။

မြန်မာပဋိပက္ခ ဖြေရှင်းနိုင်ရေး အာဆီယံအဖွဲ့ရဲ့ ကြိုးပမ်းမှုတွေကို ထောက်ခံတယ်လို့ တွေ့ဆုံမှု အတွင်း ဂျိုးဘိုင်ဒင်က ထုတ်ဖော်ပြောခဲ့ပါတယ်။

မြန်မာ့အရေး ဖြေရှင်းနိုင်ရေး အာဆီယံ ဘုံသဘောတူညီချက် (၅) ရပ် ဖော်ဆောင်ရေးမှာ အာဆီ ယံအဖွဲ့ရဲ့ အခန်းကဏ္ဍကို အပြည့်အဝ ထောက်ခံတယ်လို့ ခေါင်းဆောင်နှစ်ဉီးက ထပ်လောင်းပြောကြား ခဲ့ပြီး မြန်မာနိုင်ငံဆိုင်ရာ အာဆီယံနဲ့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်တို့ရဲ့ လုပ်ဆောင်ချက်တွေကို အ သိအမှတ်ပြုတယ်လို့ ဆိုပါတယ်။

“စိတ်ရှည်သည်းခံမှု ကျင့်သုံးဖို့၊ အရပ်သားတွေိကို ကာကွယ်ပေးဖို့နဲ့ လူသားချင်းစာနာမှု အကူအ ညီပေးအပ်နိုင်ရေး အထောက်အကူပြုတဲ့ ပတ်ဝန်းကျင်တစ်ခု ဖန်တီးဖို့ ခေါင်းဆောင်နှစ်ဉီးက တိုက်တွန်း ခဲ့ပါတယ်” လို့ အိမ်ဖြူတော်က ပြောပါတယ်။

မြန်မာနိုင်ငံကို အားလုံးပါဝင်သော ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လျှောက်လှမ်းနိုင်မယ့် အ မျိုးသား တွေ့ဆုံဆွေးနွေးမှု ပြုလုပ်နိုင်မယ့် အခြေအနေတွေ ဖန်တီးဖို့လည်း ပရာဘိုဝိုနဲ့ ဂျိုးဘိုင်ဒင်က မြန်မာစစ်ကောင်စီကို တောင်းဆိုခဲ့ပါတယ်။

ကိုးကား – Antara News
Ref; Indonesia, US condemn violence against civilians in Myanmar

#Ayeyarwaddy_Times