ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁၃ ရက်
ရုရှားနိုင်ငံအနောက်ပိုင်း ကာတ်စ်ဒေသက ယူကရိန်းတပ်ဖွဲ့နဲ့တိုက်ပွဲမှာ မြောက်ကိုရီးယားစစ် သည်တွေ စတင်ပြီး ပါဝင်လာပြလို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက အတည်ပြုပါတယ်။
မြောက်ကိုရီးယားစစ်သည် ၁၀၀၀၀ ကျော် ရုရှားနိုင်ငံသို့ ပို့ဆောင်ခဲ့တယ်လို့ နိုင်ငံခြားရေးဝန် ကြီးဌာန၊ လက်ထောက်ပြောရေးဆိုခွင့်ရှိသူ ဗီဒန့်ပါတယ်လ်က အင်္ဂါနေ့မှာ သတင်းထောက်တွေကို ပြော ကြားခဲ့ပါတယ်။
မြောက်ကိုရီးယားစစ်သည်အများစုကို ရုရှားနိုင်ငံအနောက်ပိုင်း ကာတ်စ်ဒေသသို့ ရွှေ့ပြောင်းခဲ့ ပြီး ရုရှားတပ်ဖွဲ့နဲ့အတူ တိုက်ပွဲဝင်နေပြီလို့ သူက ဆိုပါတယ်။
မြောက်ကိုရီးယားတပ်ဖွဲ့တွေ စစ်ဆင်ရေးမှာ ပါဝင်နေတာကို အမေရိကန်အစိုးရက တရားဝင် အ သိအမှတ်ပြုတာ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။
ရုရှားနိုင်ငံရဲ့ စစ်မြေပြင်အောင်မြင်မှုဟာ မြောက်ကိုရီးယားတပ်ဖွဲ့တွေကို စစ်တပ်အတွင်း ဘယ် လိုပေါင်းစည်းနိုင်မယ်ဆိုတဲ့ အချက်အပေါ် များစွာ မူတည်လိမ့်မယ်လို့ ၎င်းက ဆက်ပြောပါတယ်။
ရုရှားတပ်ဖွဲ့ ကျော်ဖြတ်ရမယ့် စိန်ခေါ်မှုအချို့မှာ အပြန်အလှန်သတင်းဖလှယ်မှု၊ ဘာသာစကား အတားအဆီး၊ ထိန်းချုပ်ကွပ်ကဲမှုနဲ့ ဆက်သွယ်ရေးစနစ်တွေဖြစ်မယ်လို့ သူက ပြောပါတယ်။
ရုရှားနဲ့မြောက်ကိုရီးယား ဆက်ဆံမှုနဲ့ပတ်သက်လို့ ပိုမို စိုးရိမ်လာတယ်လို့ အမေရိကန်နိုင်ငံက အရိပ်အမြွက်ထုတ်ဖော်ပြောခဲ့ပါတယ်။
ရုရှားကျူးကျော်စစ်ကို ခုခံကာကွယ်နေတဲ့ ယူကရိန်းကို ပံ့ပိုးကူညီဖို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး အန်တိုနီဘလင်ကန်က အခြားနိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးတွေနဲ့အတူ ဘယ်လ်ဂျီယမ်နိုင်ငံ၊ ဘ ရပ်ဆဲလ်မြို့တော်မှာ အစည်းအဝေးတစ်ရပ် တက်ရောက်လျက်ရှိပါတယ်။
ကိုးကား – NHK
Ref; US confirms N.Korean troops ‘engaging in combat operations’ against Ukraine
#Ayeyarwaddy_Times