ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁၃ ရက်

ကွမ်တုံပြည်နယ်၊ ကျူဟိုင်းမြို့မှာ အင်္ဂါနေ့က ကျင်းပတဲ့ လေကြောင်းပြပွဲတစ်ခုမှာ တရုတ်စစ် တပ်က နောက်ဆုံးထုတ် ကိုယ်ပျောက် ဂျက်တိုက်လေယာဉ်တစ်စင်းကို ထုတ်ဖော်ပြသလိုက်ပါတယ်။

နှစ်နှစ်တစ်ကြိမ်ကျင်းပတဲ့ အဆိုပါလေကြောင်းပြပွဲမှာ စစ်လေယာဉ်တွေ၊ ဒရုန်းတွေအပြင် အရပ် ဘက်လေယာဉ်တွေ အပါအဝင် လေယာဉ်အစင်းရေ ၁၃၀ ကျော် ပြသခဲ့ပါတယ်။

J-35A လို့ခေါ်တဲ့ လေယာဉ်သစ်ဟာ အလတ်စား ဘက်စုံသုံး ကိုယ်ပျောက်ဂျက်တိုက်လေယာဉ် တစ်မျိုးဖြစ်ကာ ပြည်သူလူထုကို မိနစ်အနည်းငယ်ကြာ ပြသခဲ့ပါတယ်။

တရုတ်စစ်တပ်မှာ J-20 ကိုယ်ပျောက်ဂျက်တိုက်လေယာဉ်တွေ အသုံးပြုနေပါတယ်။ အမေရိကန် နိုင်ငံပြီးလျင် တရုတ်နိုင်ငံဟာ ကိုယ်ပျောက်ဂျက်တိုက်လေယာဉ်နှစ်မျိုး အသုံးပြုတဲ့ ဒုတိယမြောက်တိုင်း ပြည် ဖြစ်လာမယ်လို့ နိုင်ငံပိုင်မီဒီယာက ဖော်ပြပါတယ်။

တရုတ်စစ်တပ်က လေကြောင်းပြပွဲမှာ ကိုယ်ပျောက်နည်းပညာတွေပါရှိတဲ့ CH-7 ဒရုန်းကိုလည်း ထုတ်ဖော်ပြသခဲ့ပါတယ်။

ရုရှားနိုင်ငံရဲ့ ခေတ်အမီဆုံး Sukhoi Su-57 ဂျက်တိုက်လေယာဉ်ကိုလည်း အခမ်းအနားမှာ ပြသ ခဲ့ပြီး အလှပြပျံသန်းရေးအဖွဲ့က (၈) နှစ်အတွင်း ပထမဆုံးအကြိမ် သရုပ်ပြပျံသန်းပြခဲ့ပါတယ်။

တရုတ်နိုင်ငံက လေကြောင်းအင်အားကို ထုတ်ဖော်ပြသဖို့ ရည်ရွယ်တဲ့အပြင် အမေရိကန်နဲ့ဂျပန် အပါအဝင် အခြားတိုင်းပြည်တွေကို ဆန့်ကျင်တဲ့ ရုရှားနဲ့ ကောင်းမွန်သောဆက်ဆံရေးကို ဖော်ပြလိုပါ တယ်။
ကိုးကား – NHK

Ref; China’s military unveils latest stealth fighter jet at airshow

#Ayeyarwaddy_Times