ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁၃ ရက်
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)၏ အထူးတိုက်ခိုက်ရေး စစ်သင်တန်း ဆင်းပွဲကိုတအာင်း ထိန်းချုပ်နယ်မြေတစ်နေရာတွင် ပြီးခဲ့သည့် နိုဝင်ဘာလ ၉ ရက် နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။
အမျိုးသား အထူးတိုက်ခိုက်ရေး သင်တန်းဆင်းပွဲတွင် TNLA ၏ စစ်ဦးစီးအရာရှိချုပ် ဗိုလ်မှူးချုပ် တားနော်ရိုန်းက 1027 စစ်ဆင်ရေးအတွင်း သိမ်းပိုက်ရရှိထားသည့် မြို့နယ် ၁၂ မြို့ကို ဆက်လက် ကာကွယ်စောင့်ရှောက်သွားရန် တစ်ဦးချင်းတွင် တာဝန်ရှိကြောင်းနှင့် တက်ရောက်အမှာစကား ပြော ကြားခဲ့သည်ဟု TNLA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါ အမျိုးသား အထူးတိုက်ခိုက်ရေးသင်တန်းတွင် အမှတ်စဥ်(က)နှင့် (ခ) ဖွင့်လှစ်ပေးနိုင်ခဲ့ပြီး သင်တန်းကာလအတွင်း စစ်ဆင်ရေးနှင့် ရှေ့တန်းတွင် တိုက်ခိုက်ရေး ကျွမ်းကျင်မှုအဆင့်ရှိစေရန် အဓိကသင်ကြားပေးကာ သင်တန်းကာလ သုံးလကျော်ကြာ သင်ကြားမှုတွင် သင်တန်းသားဦးရေ ၁၀၀၀ ကျော် တက်ရောက်ပြီးမြောက်ခဲ့သည်ဟုဆိုသည်။
ထို့အပြင် အမျိုးသမီး စစ်သင်တန်းအမှတ်စဥ်(၆၆) (ဂ) သင်တန်းဆင်းပွဲကိုလည်း နိုဝင်ဘာလ ၁၁ ရက်နေ့ နံနက်ပိုင်းတွင် တအာင်းပြည် ထိန်းချုပ်နယ်မြေ တစ်နေရာတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အမျိုသမီး စစ်သင်တန်းအမှတ်စဥ်(၆၆) (ဂ) သင်တန်းတွင် သင်တန်းဆင်း အမျိုးသမီးသင်တန်းသူ ၂၀၀ ဝန်းကျင်ရှိပြီး သင်တန်းဆင်း အမျိုးသမီးစစ်မေများကို TNLA ၏ အဓိက ဌာနဆိုင်ရာဖြစ်သည့် အုပ်ချုပ် ရေးဌာန တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့၊ အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဌာန၊ သတင်းနှင့် ပြန်ကြား ရေးဌာန၊ ဗဟိုရုံးချုပ်နှင့်စစ်ဦးစီးချုပ်ရုံးသို့ အသီးသီးတာဝန်ခွဲပေးအပ်ခဲ့ကြောင်း TNLAက ထုတ်ပြန်ထားသည်။
အမျိုးသား အထူးတိုက်ခိုက်ရေးနှင့် အမျိုးသမီး အခြေခံစစ်သင်တန်းကာလအတွင်း သေနတ်ပစ် ထူးချွန်သူ၊သေနတ်တပ်ဆင်ဖြုတ် ထူးချွန်သူအား ဆုချီးမြှင့်ပြီး စစ်ဆင်ရေး နှင့် စစ်ရေးပြကာလအတွင်း အထူးတိုက်ခိုက်ရေး ထူးချွန်သည့် သင်တန်းသား/သူများကိုလည်း ဆုပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရ သည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် မေလကပြုလုပ်သည့် TNLA ၏ အခြေခံ စစ်သင်တန်းအပတ်စဥ် (၆၅)သင်တန်းတွင်လည်း သင်တန်းသူ/သား ဦးရေ ၁၀၀၀ ကျော် မွေးထုတ်ပေးနိုင်ခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ-TNLA
#TNLA #အထူးတိုက်ခိုက်ရေး #သင်တန်းသား၁၀၀၀ #သင်တန်းသူ၂၀၀ #သင်တန်းဆင်း #Ayeyarwaddy_Times