
ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁၂ ရက်
ထိုင်ဝမ်က တရုတ်ကို ရန်စနေတယ်ဆိုတဲ့ ရုရှားသမ္မတ ဗလာဒီမာပူတင်ရဲ့ မကြာသေးမီက မှတ် ချက်စကားကို ထိုင်ဝမ် နိုင်ငံခြားရေးဝန်ကြီးဌာနက ဝေဖန်ခဲ့ပြီး ပုံမှားရိုက်တဲ့လိမ်လည်မှုတစ်ခုလို့ ပြော ဆိုလိုက်ပါတယ်။
ရုရှားနိုင်ငံ၊ ဆိုချီမြို့မှာကျင်းပတဲ့ အစည်းအဝေးတစ်ခုမှာ ထိုင်ဝမ်နဲ့ပတ်သက်လို့ ပူတင်ရဲ့ မှတ် ချက်စကားက လုံးဝ အမှန်တရားကို မျက်ကွယ်ပြုထားတာလို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန် ချက်တစ်ခုအတွင်း ပြောပါတယ်။
ထိုင်ဝမ်ကို တရုတ်ပြည်မရဲ့ တစ်စိတ်တစ်ပိုင်းဟု ထင်မှားစေပြီး ထိုင်ဝမ်ရဲ့ အချုပ်အခြာအာဏာ ကို ထိခိုက်စေတဲ့ ရုရှားခေါင်းဆောင်ရဲ့ မှတ်ချက်ကို အပြင်းအထန် ရှုတ်ချတယ်လို့ ထုတ်ပြန်ချက်က ဆို ပါတယ်။
တရုတ်နဲ့ထိုင်ဝမ်ဟာ သီးခြားနိုင်ငံတစ်ခုစီဖြစ်ပြီး တရုတ် ကွန်မြူနစ်ပါတီက ထိုင်ဝမ်ကို မည် သည့်အခါမှ ထိန်းချုပ်နိုင်ခဲ့တာမရှိဘူးလို့ ထုတ်ပြန်ချက်က ဖော်ပြပါတယ်။
ပူတင်ရဲ့ပြောဆိုမှုဟာ ထိုင်ဝမ်ကို ပိုင်ဆိုင်တယ်ဆိုတဲ့ တရုတ်ရဲ့ အချုပ်အခြာအာဏာ တောင်းဆို ချက်ကို သံယောင်လိုက်တာဖြစ်သလို ပြင်ပထောက်ခံမှုရရှိဖို့ ထိုင်ဝမ်က ယူကရိန်းပုံစံ အကျပ်အတည်း တစ်ခုဖြစ်အောင် မီးမွှေးနေတာလို့ စွပ်စွဲတာလို့ ထိုင်ဝမ်က တုံ့ပြန်ပါတယ်။
ကမ္ဘာတစ်ဝှမ်းမှ ဒီမိုကရေစီတိုင်းပြည်တွေဟာ ရုရှားရဲ့ ယူကရိန်းကျူးကျော်စစ်ကို ရှုတ်ချမှု၊ အ ရေးယူမှုတွေနဲ့ တုံ့ပြန်ခဲ့တယ်လို့ ထိုင်ဝမ်က ပြောပါတယ်။
တရုတ်ရဲ့ စစ်ရေးခြိမ်းခြောက်မှုတွေ ရင်ဆိုင်နေရတဲ့ ထိုင်ဝမ်ဟာ ရှင်သန်မှုနဲ့ အချုပ်အခြာအာ ဏာကို ကာကွယ်ဖို့ လုပ်ဆောင်ခဲ့တဲ့အပြင် အာရှ-ပစိဖိတ်ဒေသမှာ ဒီမိုကရေစီနဲ့ လွတ်လပ်မှု ကာကွယ် စောင့်ရှောက်ရေးမှာ ရှေ့တန်းမှပါဝင်ခဲ့တယ်လို့ ထိုင်ဝမ်က ဆိုပါတယ်။
ကိုးကား – Taipei Times
Ref; MOFA calls out Putin for remarks on Taiwan
#Ayeyarwaddy_Times