ဧရာဝတီတိုင်းမ်
(ကျောက်ကြီး)၊ နိုဝင်ဘာ ၁၂ ရက်

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်အတွင်းသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် တော်လှန်ရေး တပ်ဖွဲ့တို့ ပြီးခဲ့သည့် အောက်တိုဘာ ၂၉ ရက်မှစတင်ကာ ဖြစ်ပွားသည့် သုံးရက်တာ တိုက်ပွဲအတွင်း စစ်ကောင် စီတပ်ဖွဲ့ဝင် ၅၀ ဦးနှင့်အထက် သေဆုံးခဲ့ကြောင်း ရိုးမစစ်ကြောင်း-၂ ထံက သိရသည်။

ကျောက်ကြီးမြို့ဘက်မှ နတ်သံကွင်းမြို့ ဘက်သို့ စစ်ကြောင်းထိုးလာသည့် အင်အား ၁၀၀ကျော် ပါ စစ်ကောင်စီတပ်တွင် ကမ်းရိုးတန်းတပ်၊ တြိဂံတိုင်းတပ် နှင့် ကျောက်ကြီးအခြေစိုက်တပ် ပူးပေါင်း တပ်များပါဝင်ကြောင်း သိရသည်။

“ဒီဖက်အခြေနေက တော်လှန်ရေးတပ်တွေ ထိန်းချူပ်ထားတဲ့နယ်မြေတွေပါ။ ပြည်သူတွေလဲ ပုံမှန်နေထိုင်လျက်ပါ။ စကစ(စစ်ကောင်စီ)စစ်ကြောင်းဝင်လာရင်တော့ အိုးအိမ်ပစ်ပြီး ထွက်ပြေးကြရတာပေါ့။ သူတို့ မလာရင် အေးအေး ဆေးဆေးနေကြရပါတယ်။ အခု စစ်ကြောင်းထိုးလာနေတော့ အချို့ရွာတွေ စပါးရိတ်သိမ်းဖို့ အခက်ခဲတော့ရှိပါတယ်။ စကစ မလာရင်တော့ ပုံမှန်အလုပ်တွေ လုပ်နိုင်ကြပါတယ်ဗျ” ဟု ရိုးမစစ်ကြောင်း-၂ အထူးကွန်မန်ဒိုတပ်ရင်း တာဝန်ရှိသူက ဧရာ၀တီတိုင်းမ်ကိုပြောသည်။

တိုက်ပွဲစတင်ဖြစ်ပွားသည့် အောက်တိုဘာ ၂၉ ရက်နေ့ ကျောက်ကြီးမြို့နယ်၊ ကျွန်းကုန်းရွာ တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၁၀ ဦးသေဆုံးကာ MA-3 သေနတ်တစ်လက်နှင့် စစ်အသုံးအဆောင်ပစ္စည်းများ သိမ်း ဆည်းရမိခဲ့ကြောင်း ရိုးမ(၂)စစ်ကြောင်း အထူးကွန်မန်ဒို တပ်ရင်းထံက သိရသည်။

နောက်ရက်တွင် စစ်ကောင်စီတပ်သည် ကျွန်းကုန်းရွာဘက်မှ စစ်ကောင် စီတပ်ဖွဲ့ဝင် အင်အားအများ အပြားဖြင့် ရွာကြီးအင်းရွာဘက်သို့ စစ် ကြောင်း သုံးကြောင်းခွဲကာ ဝင်ရောက်လာပြီးနောက် တော်လှန်‌ရေးတပ်ဖွဲ့များနှင့် တစ်နေကုန် ထပ်မံတိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂ ဦး သေဆုံး ခဲ့သည်။

အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် အလောင်း သုံး လောင်းကျန်ရှိခဲ့ပြီး တပ်ကြပ်ကြီး တစ်ဦး၏အလောင်းကို တော်လှန်ရေးတပ်ဖွဲ့များဘက်မှ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

စစ်ကောင်စီ စစ်ကြောင်းသည် ဆက်လက်၍ နိုဝင်ဘာ ၁ ရက်နေ့တွင် ရွာအင်းကြီးရွာကို ဝင်ရောက် တိုက်ခိုက်ခဲ့ရာ တောက်ငူလေတပ်မှ လေကြောင်းပစ်ကူပေးခဲ့သော်လည်း ၎င်းတို့တပ်ကိုပင် ပြန်လည်ပစ် ခတ်မိခဲ့သည့်အတွက် မြေ ပြင်စစ်ကြောင်းမှ စစ်ကောင်စီတပ်ဖွဲ့များက ပွိုင့်ဖွိုင့်များဖြင့် လေယာဉ်ကို ပြန်လည်ပစ်ခတ်ခဲ့ကြောင်း သိရသည်။

တိုက်ပွဲ သုံး ရက်တာ အတွင်း ရိုးမစစ်ကြောင်း-၂၊ KNLA ပူးပေါင်းဒရုန်းအဖွဲ့များ နှင့် မြေပြင်ကွန်မန်ဒို၊ KNLA၊ ဖြူးပကဖ၊ ရိုးမ-၁ စစ်ကြောင်း အာဠာဝက ပူးပေါင်းအဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်မှ ၅၀ ကျော် ထိခိုက်သေဆုံးကာ လက်နက်ခဲယမ်းများနှင့် စစ်ပစ္စည်းအသုံးအဆောင် ဆက်စပ်ပစ္စည်းများကို သိမ်းပိုက်နိုင်ခဲ့ကြောင်း အထူးကွန်မန်ဒိုတပ်ရင်းက ထုတ်ပြန်ထားသည်။

ဓာတ်ပုံ – အထူးကွန်မန်ဒိုတပ်ရင်း
#ကျောက်ကြီး #တိုက်ပွဲ #စစ်ကောင်စီတပ်ဖွဲ့ဝင် #၅၀ကျော်သေဆုံး #ရိုးမစစ်ကြောင်း #KNLA #Ayeyarwaddy_Times