
ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁၂ ရက်
တစ်နိုင်ငံက တိုက်ခိုက်ခံရပါက တစ်နိုင်ငံက အကူအညီပေးရမယ့် နှစ်နိုင်ငံခေါင်းဆောင်တွေ ဇွန် လအတွင်း လက်မှတ်ရေးထိုးခဲ့တဲ့ ရုရှားနိုင်ငံနဲ့ အပြန်အလှန် ကာကွယ်ပေးရေးစာချုပ်ကို မြောက်ကိုရီး ယားက အတည်ပြုလိုက်တယ်လို့ နိုင်ငံပိုင် KCNA သတင်းဌာနက ယနေ့ ဖော်ပြပါတယ်။
ယူကရိန်းကျူးကျော်စစ်ကို ပံ့ပိုးကူညီဖို့ မြောက်ကိုရီးယားက ရုရှားသို့ ထောင်ချီတဲ့တပ်ဖွဲ့တွေ စေလွှတ်မှုနဲ့အတူ နှစ်နိုင်ငံကြား စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု တိုးမြင့်လာတာနဲ့ပတ်သက်လို့ နိုင်ငံတကာရဲ့ဝေဖန်မှုတွေ ရှိနေစဉ်မှာ မြောက်ကိုရီးယားက ရုရှားနဲ့ အပြန်အလှန် ကာကွယ်ပေးရေးစာ ချုပ်ကို အတည်ပြုလိုက်တာပါ။
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ဟာ တနင်္လာနေ့က သဘောတူညီချက်ကို အတည် ပြုမယ့် အမိန့်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ပြီး နှစ်နိုင်ငံစလုံးက စာချုပ်လဲလှယ်ချိန်မှာ အာဏာတည် မှာဖြစ်ပါတယ်။
တစ်နိုင်ငံက စစ်ဖြစ်နေလျင် အခြားနိုင်ငံက နည်းလမ်းအားလုံးသုံးပြီး စစ်ရေးနဲ့အခြားအကူအညီ ပေးရမယ်လို့ ပြဌာန်းထားတဲ့ အဆိုပါဉပဒေကို ရုရှားသမ္မတ ဗလာဒီမာပူတင်က လက်မှတ်ထိုးပြီးပြီဖြစ် ပါတယ်။
ကင်ဂျုံအန်က ဇွန်လအတွင်း ထိပ်သီးဆွေးနွေးပွဲမှာ ပူတင်နဲ့ သဘောတူညီချက်ကို လက်မှတ်ထိုး ခဲ့ပြီး နှစ်နိုင်ငံဆက်ဆံရေးကို မဟာဗျူဟာမြောက်အဆင့်အထိ တိုးမြှင့်မယ်လို့ ဆိုပါတယ်။
ရုရှားမှာ မြောက်ကိုရီးယားစစ်သည် ၁၀၀၀၀ ကျော် ရောက်ရှိနေတယ်လို့ တောင်ကိုရီးယား၊ အမေရိကန်နဲ့ ယူကရိန်းတို့က ပြောကြားခဲ့ပြီး တပ်ဖွဲ့ဝင်အချို့က ယူကရိန်းနယ်စပ်အနီး ကာတ်စ်ဒေသ မှာ တိုက်ပွဲဝင်နေတယ်လို့ ယူကရိန်း ကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။
ယူကရိန်းတပ်ဖွဲ့နဲ့ ပထမဆုံးအကြိမ် တိုက်ပွဲမှာ မြောက်ကိုရီးယားတပ်ဖွဲ့တွေ ထိခိုက်သေကျေမှု များပြားခဲ့တယ်လို့ သမ္မတ ဇီလန်စကီးက ပြီးခဲ့တဲ့အပတ်အတွင်း ပြောကြားခဲ့ပါတယ်။
ကိုးကား – Reuters
Ref; North Korea ratifies mutual defence treaty with Russia
#Ayeyarwaddy_Times