
ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁၁ ရက်
ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်ဟာ သမ္မတရွေးကောက်ပွဲမှာ အနိုင်ရရှိပြီးနောက် ကြာသပတေးနေ့က ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ ဖုန်းမှတစ်ဆင့် စကားပြောဆိုခဲ့တယ်လို့ အမေရိကန် သ တင်းစာတစ်စောင်က ဖော်ပြပါတယ်။
The Washington Post သတင်းစာက သတင်းရင်းမြစ်တွေကို ကိုးကားပြီး အခုလို ဖော်ပြခဲ့တာ ဖြစ်ပါတယ်။
ဖုန်းပြောဆိုမှုအတွင်း ယူကရိန်းစစ်ပွဲ အရှိန်မမြှင့်ဖို့ ဒေါ်နယ်ထရမ့်က ပူတင်က အကြံပြုခဲ့တယ် လို့ သတင်းရင်းမြစ်တစ်ခုက ဆိုပါတယ်။
ခေါင်းဆောင်နှစ်ဉီးဟာ ဉရောပတိုက် ငြိမ်းချမ်းရေးရည်မှန်းချက်ပန်းတိုင်ကို ဆွေးနွေးခဲ့တယ်လို့ သတင်းရင်းမြစ်အချို့ကို ကိုးကားပြီး The Washington Post သတင်းစာက ဖော်ပြပါတယ်။
ယူကရိန်းစစ်ပွဲ အဖြေရှာရေး နောက်ဆက်တွဲ ဆွေးနွေးမှုပြုလုပ်ဖို့ စိတ်ဝင်စားကြောင်း ဒေါ်နယ် ထရမ့်က ဖော်ပြခဲ့တယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။
သိမ်းပိုက်ထားတဲ့ နယ်မြေအချို့ကို ရုရှားက ထိန်းချုပ်ခွင့်ရမယ့် သဘောတူညီချက်တစ်ရပ်ကို ထောက်ခံဖို့ ဒေါ်နယ်ထရမ့်က အချက်ပြခဲ့တယ်လို့ သိရပါတယ်။
ရုရှားရဲ့ ယူကရိန်းကျူးကျော်စစ်ကို ချက်ချင်း အဆုံးသတ်မယ်လို့ ရွေးကောက်ပွဲမဲဆွယ်စည်းရုံးမှု မှာ ၎င်းက ပြောကြားခဲ့ပါတယ်။
ကိုးကား – NHK
Ref; Trump held phone talks with Putin after election victory: US media
#Ayeyarwaddy_Times