
ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁၁ ရက်
မြန်မာနိုင်ငံမှာ ပြည်တွင်းစစ်ဖြစ်ပွားနေစဉ် ဘင်္ဂလားဒေ့ရှ်တံငါသည်တွေကို ပစ်မှတ်ထားတဲ့ သေ နတ်ပစ်ခတ်မှုတွေနဲ့ပတ်သက်လို့ စိုးရိမ်မိပြီး အလားတူဖြစ်စဉ်တွေ ထပ်မဖြစ်အောင် အရေးတကြီး တား ဆီးဖို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက တောင်းဆိုလိုက်ပါတယ်။
ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးအတွင်းဝန် ဂျာရှင်းအူဒင်က မြန်မာစစ်ကောင်စီခန့် သံအမတ် ဉီး ကျော်စိုးမိုးကို အခုလို ပြောဆိုခဲ့တာပါ။
မြန်မာနိုင်ငံမှာ အထူးသဖြင့် ရခိုင်ပြည်နယ်မှာ တင်းမာမှုတွေ အရှိန်မြှင့်လာတာနဲ့ပတ်သက်လို့ အလွန်အမင်း စိုးရိမ်မိတယ်လို့ ဂျာရှင်းအူဒင်က တွေ့ဆုံမှုအတွင်း ပြောပါတယ်။
နယ်စပ်တစ်လျှောက် လုံခြုံရေးအခြေအနေကို စိုးရိမ်မိတယ်လို့ သူက ဆိုပြီး မြန်မာပြည်တွင်း ပဋိပက္ခကြောင့် ဘင်္ဂလားဒေ့ရှ်တံငါလှေတွေ လက်နက်ကြီး၊ သေနတ်နဲ့ ပစ်ခတ်ခံရတာလို့ ပြောပါတယ်။
ယင်းသို့သောဖြစ်စဉ်များက နယ်စပ်နေပြည်သူတွေကြား တင်းမာမှုတွေ မြင့်တက်စေကာ သက် မွေးဝမ်းကြောင်း အလုပ်အကိုင်တွေကို ထိခိုက်စေတယ်လို့ ၎င်းက ဆိုပါတယ်။
မြန်မာနိုင်ငံတွင်း ကစဉ့်ကလျားအခြေအနေကြောင့် နေရပ်စွန့်ခွာမှုတွေဖြစ်ကာ ရိုဟင်ဂျာတွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ အစုလိုက်အပြုံလိုက် ဝင်ရောက်စေခဲ့တယ်လို့ သူက ပြောပါတယ်။
ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေမှ ရိုဟင်ဂျာတွေဟာ မြန်မာနိုင်ငံသို့ နေရပ်ပြန်လိုတဲ့ဆန္ဒတေွ ရှိကြတယ်လို့ ဂျာရှင်းအူဒင်က ဆိုပါတယ်။
နေရပ်စွန့်ခွာမှုပြဿနာကို အဖြေရှာဖို့ လိုအပ်တယ်လို့ စစ်ကောင်စီခန့် သံအမတ်က ဝန်ခံခဲ့ပြီး ရိုဟင်ဂျာတွေကို နေရပ်ပြန်ပို့ရေး လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။
ကိုးကား – BSS News
Ref; Dhaka raises concerns to Myanmar over gunfire targeting fishermen
#Ayeyarwaddy_Times