
ဧရာဝတီတိုင်းမ်
သြဂုတ်လ ၁၇ ရက်
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) အပါအဝင် သက်ဆိုင်သူအားလုံးနဲ့ ငြိမ်းချမ်းပြီး အားလုံးပါဝင်တွေ လုပ်ငန်းစဉ်စတင်ဖို့ ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်း လွှတ်ပေးရေးတောင်းဆိုရာမှာ မလေးရှားနိုင်ငံက မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်တယ်လို့ မလေးရှားနိုင်ငံ ခြားရေးဝန်ကြီး ဆိုင်ဖူဒင်အဗ္ဗဒူလာက သူ့ရဲ့ တွစ်တာလူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ်ခြောက်နှစ် ထပ်မံချမှတ်တာနဲ့ မကြာသေးမီ က ဒီမိုကရေစီ တက်ကြွလှုပ်ရှားသူလေးဦးကို ကြိုးပေးကွက်မျက်မှုက မြန်မာနိုင်ငံမှာ အမျိုးသား ပြန်လည်ရင် ကြားစေ့ရေးအတွက် အားလုံးပါဝင်တဲ့ ဆွေးနွေးမှုတွေပြုလုပ်ဖို့နဲ့ အာဆီယံ ဘုံသဘောတူညီချက်ငါးရပ် ဖော် ဆောင်ဖို့ အာဆီယံခေါင်းဆောင်တွေရဲ့ တောင်းဆိုမှုတွေကို စစ်ကောင်စီက ပမာပခန့်လုပ်နေတယ်ဆိုတာ သက်သေပြတာလို့ သူက ဆိုပါတယ်။
မြန်မာစစ်ကောင်စီရဲ့ တက်ကြွလှုပ်ရှားသူလေးဦးကို ကြိုးပေးကွက်မျက်မှုအား မလေးရှားနိုင်ငံက ဇူလိုင် လ ၂၆ ရက်မှာ ရှုတ်ချခဲ့ပြီး အဆိုပါလုပ်ရပ်က လူသားမဆန်တဲ့ ရာဇဝတ်မှုအဖြစ် ရှုမြင်ခဲ့ပါတယ်။
အာဏာသိမ်းစစ်ကောင်စီရဲ့ ဒီမိုကရေစီ တက်ကြွလှုပ်ရှားသူလေးဦးကို ကြိုးပေးကွက်မျက်မှုက ကမ္ဘာ့နိုင် ငံတွေကို တုန်လှုပ်ချောက်ချားစေခဲ့ပြီး နိုင်ငံတကာရဲ့ ပြစ်တင်ရှုတ်ချမှုခံခဲ့ရပါတယ်။
စစ်အုပ်ချုပ်ရေးကိုဆန့်ကျင်တဲ့ ပြည်သူလူထုကို မင်းအောင်လှိုင်ဦးဆောင်တဲ့ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်နှိပ်ကွက်မှုကြောင့် လူ ၂၁၁၄ ဦး သေဆုံးခဲ့ပြီလို့ သိရပါတယ်။
NUG နဲ့ NUCC တို့ အပါအဝင် အာဆီယံ ဘုံသဘောတူညီချက်အရ သက်ဆိုင်သူအားလုံး ပါဝင်တဲ့ ဆွေး နွေးမှုတွေပြုလုပ်ဖို့ မလေးရှားနဲ့ အခြားအာဆီယံနိုင်ငံတွေက ထပ်တလဲလဲ တောင်းဆိုခဲ့ပါတယ်။
အာဆီယံ ဘုံသဘောတူညီချက်ငါးရပ်ကို ၂၀၂၁ ခုနှစ် ဧပြီလအတွင်း အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တော် မှာ အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်နဲ့ အာဆီယံခေါင်းဆောင်တွေ သဘောတူခဲ့တာဖြစ်ပါတယ်။
ကိုးကား – Bernama
Ref; Malaysia supports the call for Suu Kyi’s immediate release: Saifuddin