ကြယ်စင်/ဧရာဝတီတိုင်းမ်
(မြိတ်)၊ သြဂုတ်လ ၁၇ ရက်

တနင်္သါရီတိုင်း၊ မြိတ်မြို့နယ်မှာ ဩဂုတ်လ ၁၆ ရက်နေ့ မနက်ပိုင်းက လေယာဥ်ကွင်းထဲဗုံးပေါက်ကွဲမှုကြောင့် စစ်ကောင်စီတပ်သားတဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

လေယာဥ်ကွင်းထဲမှာ မနက် ၆ နာရီလောက်က ဗုံးပေါက်ကွဲခဲ့တာ ဖြစ်ပြီး ဘယ်အဖွဲ့အစည်းလုပ်ခဲ့တယ်ဆိုတာကိုတော့ ခုချိန်ထိ မသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

” ကျွန်တော်တို့လည်း ဘယ်အဖွဲ့ကလုပ်တယ်ဆိုတာတော့ မသိရသေးဘူး ဒါပေမယ့် စစ်ကောင်စီတပ်သား ၁ ဦးသေသွားတာ ဟုတ်တယ်”လို့ ဒေသခံ ပြည့်သူ ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

ဗုံးပေါက်ကွဲပြီး မနက်ပိုင်းမှာ စစ်ကောင်စီတပ်သားတွေနဲ့ ရဲတွေက မြို့ထဲက လူစည်ကားတဲ့နေရာတွေမှာ ပိတ်ဆို့စစ်ဆေးတာတွေ အရင်ကထက်ပိုမိုပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

မြိတ်မြို့လေယာဥ်ကွင်းထဲဗုံးပေါက်ကွဲတာကြောင့် စစ်ကောင်စီ တပ်သားတဦးသေဆုံးတာနဲ့ပတ်သက်ပြီး ဒေသခံတွေအကြား ပြောဆိုမှုတွေရှိနေပေမယ့် ဧရာဝတီတိုင်းမ်အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။